[Unicode]
Chapter 59 - Li Shuo took off his fixed and meticulous hair, and the strands of hair fell down, adding a bit of wildness to him.
"လီရှော့က သူ့ဆံပင်ကို ဆွဲဖွလိုက်သည်၊ မသေမသပ် ပြန်ကျလာသည့် ဆံပင်ပုံစံက အရိုင်းသွေးဆန်ဆန် ခံစားချက် အနည်းငယ်ကိုပါ ထပ်ပေါင်းဖြည့်လာသည်"
အမြန်စားပြီးနောက်မှာတော့ ဝမ်းရှောင်ဟွေး ပါးစပ်သုတ်ပြီး မတ်တပ်ထလိုက်သည် "ငါ ပြန်တော့မယ်။ အကြောင်းထပ်ထူးရင် ငါ့ကို အသိပေး"
လော့ရိက ကြက်သေသေသွားပြီးမှ ဝမ်းရှောင်ဟွေး လက်ကောက်ဝတ်ကို ဆွဲကာ "အချိုပွဲတွေရှိသေးတယ်"
"တော်ပြီ"
"ဂိမ်းအတူဆော့ရအောင်၊ ကျွန်တော် ဂိမ်းအသစ် ဝယ်ထားတယ်"
"ငါ ပြန်ရမယ်"
လော့ရိက သူ့ကို ကြည့်လာသည်၊ သူ့မျက်လုံးထဲတွင် မျှော်လင့်တောင့်တမှုတို့ အပြည့်..."မှောင်နေပြီ၊ မပြန်ပါနဲ့"
ဝမ်းရှောင်ဟွေး သူ့လက်ကို ခါချလိုက်သည် "ငါ ဒီလာတာ မင်းနဲ့ အိပ်ဖို့လို့များ မှတ်နေလား?"
လော့ရိ့မျက်နှာတွင် အနည်းငယ် အနေခက်သွားရသည့် အောင့်သက်သက် မျက်နှာထားပေါ်လာ၏
"ကျွန်တော် မရည်ရွယ်ပါဘူး၊ ကျွန်တော် ကောကို အများကြီး လွမ်းပေမဲ့...ကျွန်တော်က အရင်ကလိုလေးအတိုင်း နေချင်ရုံပါ"
"လော့ရိ၊ ငါတို့က ဘယ်တော့မှ အရင်လို ပြန်ဖြစ်တော့မှာ မဟုတ်ဘူး"
လော့ရိ့လက်အစုံသည် ဖြည်းဖြည်းချင်း လက်သီး ကျစ်ကျစ်ဆုပ်သွား၏ "အင်း...ပြန်ပါ။ ကျွန်တော် လိုက်ပို့ပေးရမလား"
"မလိုဘူး"
ဝမ်းရှောင်ဟွေး ဖိနပ်စီး၊ တံခါးဖွင့်ပြီး အိမ်ကထွက်မယ်အလုပ် လော့ရိက နောက်ကနေ လှမ်းခေါ်လာသည် "ရှောင်ဟွေးကော..." လော့ရိက ခပ်တိုးတိုးမေးလာ၏ "ဘာလို့ ပြင်သစ်ကို မသွားတာလဲ?"
ဝမ်းရှောင်ဟွေး လှည့်ကြည့်လာ၏၊ သူ့ပုံစံက ကြောင်တစ်ကောင် ထိတ်ထိတ်လန့်လန့်နှင့် အမွှေးထောင်နေသွားသလိုပင်။ ခွန်းတုံ့ပြန်သည့် အဖြေကား စိမ်းကားလွန်းစွာ... "ချီး၊ ငါ့ဖုန်းကို စောင့်ကြည့်နေတာ ရပ်လိုက်တော့!"