Chapter 7

21.3K 3.5K 146
                                    


[ Unicode ]

Edited ver.

Chapter 7- Wen Xiaohui sat in the back seat, but this time he didn't go to hold Luo Yi's waist very well.

ဝမ်းရှောင်ဟွေး စက်ဘီးနောက်ခုံပေါ် တက်လိုက်သည်။ ဒီတစ်ခေါက်တော့ သူ ရိုးရိုးသားသား စာရိတ္တပြည့်စွာ လော့ရိခါးကို အတင်းတွေ မကိုင်ထားတော့။

ခြံပေါက်ဝကအထွက်မှာ ဝမ်းရှောင်ဟွေးက မေးသည်

"ဒီကနေ xx လမ်းကို ဘယ်လိုသွားရမလဲ။ ဒီဝန်းကျင်မှာ မြေအောက်ရထားဘူတာဖြစ်ဖြစ် ဘတ်စ်ကားမှတ်တိုင်ဖြစ်ဖြစ်ရှိလား"

လော့ရိက...

"ကျွန်တော် ကောအတွက် စုံစမ်းထားလိုက်မယ်။ ဒီနေ့တော့ ကျွန်တော်လိုက်ပို့ပေးမယ်"

"အာ... ငါ့ကိုအဲ့ထိ စက်ဘီးနဲ့လိုက်ပို့ပေးမှာလား။ အဝေးကြီးပဲကို...မင်းကျောင်းနောက်ကျပါလိမ့်မယ်"

"ရပါတယ်။ ဆယ်မိနစ်ကျော်လောက်ပါပဲဟာ။ နောက်မကျပါဘူး"

"အိုခေလေ...သွားစို့"

ဝမ်းရှောင်ဟွေး စက်ဘီးနောက်ခုံပေါ် တက်လိုက်သည်။ ဒီတစ်ခေါက်တော့ သူ ရိုးရိုးသားသား စာရိတ္တပြည့်စွာ လော့ရိခါးကို အတင်းတွေ မကိုင်ထားတော့။

လော့ရိက နားကြပ်တပ်လိုက်ပြီး သူ့ကိုတင်၍ စက်ဘီးစနင်းလိုက်ကာ အိမ်ရာဝင်းထဲမှ ထွက်ခဲ့သည်။

ဝမ်းရှောင်ဟွေး သူ့နားကြပ်တစ်ဖက်ကို ဖြုတ်ယူလိုက်ပြီး ....

"မင်းဘာတွေနားထောင်နေတာလဲ"

"နားထောင်ကြည့်လေ"

ဝမ်းရှောင်ဟွေး နားကြပ်တပ်ကြည့်လိုက်တော့ ဖွင့်ထားသည့် သီချင်းက သံစဥ်ငြိမ့်ငြိမ့်ညောင်းညောင်းကိုမှ ခပ်ရှရှဖြစ်နေသော အမျိုးသမီးအသံက သူနားမလည်သော ဘာသာစကားဖြင့် သီဆိုနေသည်။ သူ လော့ရိ ကျောကို နဖူးလေးမှီထားကာ မျက်လုံးမှိတ်ပြီး သီချင်းလေးညည်းနေမိတော့ လွန်ခဲ့သော အချိန်တစ်နှစ်ဆီ ပြန်ရောက်သွားသယောင်ခံစားရသည်။ ထိုစဥ်တုန်းက သူသည်လည်း သီချင်းနားထောင်ရင်း စက်ဘီးစီးနေကြ။ တစ်နေ့တစ်နေ့ သူကြုံရသည့်ဒုက္ခအပေါင်းက လုပ်မဆုံးသောအိမ်စာတွေနှင့် ဘယ်တော့မှ မုန့်ဖိုးမလောက်တာရယ်သာ။ သူ စာလုပ်ရတာကို မုန်းပေသည့် အလုပ်ခွင်ဝင်နေကြသော လူတိုင်းလိုပဲ ကျောင်းသားဘဝအချိန်တွေကို ပြန်တမ်းတမိပါပေ့။

Additional Heritage [Myanmar Translation]Where stories live. Discover now