[Unicode]
[Sweetheart] Extra - 3
Chapter 110
ဝမ်းရှောင်ဟွေးရဲ့ အတင့်ရဲနိုင်မှုကြီးကျေးဇူးဖြင့် နှစ်ယောက်သား ကျောင်းနားမှာ တကယ် သွားစောင့်ဖြစ်ကြရင်း ကျောင်းသားလေးနှစ်ယောက်ကို အမိဖမ်းနိုင်လိုက်ပြီး ကျောင်းဝတ်စုံနှင့် ကျောင်းသားကတ်တို့ ဝယ်လို့ရလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျောင်းကလည်း အရမ်း စည်းကမ်းမကျပ်လောက်တာဆိုတော့ ကျောင်းသားကတ်က ဓာတ်ပုံကို သူတို့ပုံ ပြောင်းကပ်လိုက်တာနှင့် လုံးဝကို ပြည့်စုံသွားတော့သည်။
သို့နှင့် တနင်္လာနေ့ မနက်ကျ နှစ်ယောက်သား ကျောပိုးလွယ်အိတ် ကိုယ်စီလွယ်ကာ ကျောင်းသို့ ကော့တော့ကော့တော့ ထွက်လာကြသည်။
ကျောင်းဂိတ်ပေါက်နား ရောက်တော့ လော့ယွဲ့ စိတ်လှုပ်ရှားပြီး ကြောက်ကလည်းကြောက်လာကာ ဝမ်းရှောင်ဟွေးရဲ့ အင်္ကျီအနားကို တိတ်တိတ်ကလေး မသိမသာလှမ်းဆွဲထားရင်း တိုးတိုးကပ်ပြောသည်
"တကယ်ကြီး သွားမှာလား...? တကယ် တကယ်ကြီး ဝင်ချသွားမှာလား..."
"အခုချိန်ကျကာမှ ဘာလာ ကြောက်ဒူးတုန်နေတာလဲ? ဒါနဲ့များ... မသွားရဲရင် ဘာလို့ အဝတ်အစားဖိုး ယွမ်500အကုန်ခံ ဝယ်လိုက်သေးလဲ?"
ဝမ်းရှောင်ဟွေးက ဟွန့်ဆို နှာမှုတ်ကာ "အခုခေတ် ကျောင်းသားတွေများ တကယ့် ခွက်ပုန်းခုတ်လေးတွေ။ အဲ့တာကြောင့်လည်း ဒီလို ကျောင်းဝတ်စုံ နှစ်ထည်စာလေးကိုတောင် အပေါ်အောက်က ခွဲလိုက်သေးပြီး လေသံအောက်တစ်ချက်မဆင်း ဈေးတင်ရဲတာပေါ့"