Chapter 44

14.9K 2.4K 691
                                    

Scroll down for Unicode. ပါကိုပါပါတယ်။ မပေါ်ရင် တစ်ခုခုသာလုပ်ကြည့်လိုက်ကြပါ။

[Zawgyi]

Chapter 44 - Luo Yi grabbed his shoulders and pushed him down on the bed: "Is there a reason that is related to me?"

လော့ရိက သူ့ပခုံးနှစ်ဖက်ကိုကိုင်ကာ သူ့ကို အိပ်ရာပေါ်တွန်းလှဲလိုက်သည် : "ကျွန်တော်နဲ့ပတ်သက်တဲ့အကြောင်းပြချက်ရောမရှိဘူးလား?"

ရက်အနည်းငယ်အကြာမှာ လီရှော့က သူ့ကို ညစာအတူစားဖို့ဆက်သွယ်လာသည်။ လီရှော့ကြည့်ရတာ ဒီတစ်လော ပျော်စရာအခါသမယတို့နှင့် ကြုံဆုံနေရပုံပေါ်သည်။ မာန်ချီချီဖြင့်တိုက်ခတ်လာသောနွေဦးလေပြေပမာ လန်းဆန်းနုပျိုလို့နေပြီး အရင်ကထက် ပိုမိုချောခန့်နေ၏။

ဝမ်းရှောင်ဟွေး ရွှတ်ရွှတ်နောက်နောက် စလိုက်သည်

"အို ဥက္ကဌလီ၊ ဒီတစ်လော ကောင်းတဲ့ကိစ္စတစ်ခုခုရှိထားပုံပဲ မျက်နှာမှာအကုန်ပေါ်နေတယ်ရော်"

လီရှော့က ပြုံးပြီးပြောသည်

"ပရောဂျက်တစ်ခုအပြီးသတ်ပြီးသွားတော့ စိတ်အေးလက်အေးဖြစ်နေတာ။ မင်းလည်း ရေရှည်အလုပ်အကိုင်အဖြစ်နဲ့တောင် အခြားလူတွေရဲ့ဆရာလုပ်နေရပြီပဲ...ဝမ်းလောင်ရှီး"

*လောင်ရှီး - ဆရာ

ဝမ်းရှောင်ဟွေး ရယ်လိုက်ပြီး သူ ဒီတစ်လော ပါဝင်ခဲ့ရသည့်လုပ်ငန်းလှုပ်ရှားမှုတွေနှင့် ပိုင်ဆိုင်ဖမ်းဆုပ်ခွင့်ရခဲ့သည့်အခွင့်အလမ်းတွေနှင့်ပတ်သတ်ပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောပြဖြစ်သည်။ လီရှော့ကလည်း သူ့အတွက် တော်တော်လေးဝမ်းသာနေ၏။

လေထုအနေအထားက ကြည်နူးဆွတ်ပျံ့ဖွယ် ချစ်မေတ္တာအငွေ့အသက်တို့လွှမ်းခြုံလျက် နှစ်ယောက်သား စကားတပြောပြောနှင့် ညစာစားဖြစ်ကြပြီး အပေးအယူမျှမျှရှိလေသည်။

စားပြီးနောက်မှာတော့ ကုန်သွယ်စီးပွားဆိုင်ရာစင်တာကိုလျှောက်ပတ်ကြသည်။ လီရှော့က ဝမ်းရှောင်ဟွေး မိတ်ကပ်ကောင်တာဘက်သွားကြည့်ဖို့ကို အဖော်လိုက်ပေးပြီး အရောင်စမ်းတာတွေအထိပါ စိတ်ရှည်လက်ရှည်စောင့်ကြည့်ပေး၊ အကြံဉာဏ်ပေးသည်။ သူတို့ကိုကြည့်နေသည့် အရောင်းစာရေးတို့မျက်ဝန်းအကြည့်တွေက တောက်ပစူးရှလို့နေသည်။

Additional Heritage [Myanmar Translation]Where stories live. Discover now