Chapter 80

16.6K 2.3K 379
                                    


[Unicode]

Chapter 80


လော့ယွဲ့က အမေကို အခုမှပြန်တွေ့ရတဲ့ ကလေးတစ်ယောက်လို့ ငိုနေတော့သည်။ ဝမ်းရှောင်ဟွေး မျက်ရည်တွေသုတ်၊ နှာရှုပ်ပြီး လော့ယွဲ့ ဘာလို့ ရုတ်တရက်ပေါ်လာလဲဆိုတာ ခန့်မှန်းရင်း လော့ရိကို ကြည့်လိုက်သည်။

လော့ရိက ပခုံးတွန့်ပြပြီး "ကျွန်တော် လာခိုင်းတာမဟုတ်ဘူး၊ သူ ကျွန်တော့်ကို ဖုန်းဆက်လာတာ"

လော့ယွဲ့က ရှိုက်ကာရှိုက်ကာ ပြော၏ "ငါ မင်းနဲ့ တွေ့ချင်လို့... မင်းကို မမြင်ရရင် ငါ စိတ်အေးရမှာမဟုတ်ဘူး"

ဝမ်းရှောင်ဟွေး သက်ပြင်းချသည်... "ဟေ့ဒီမှာ မြင်တဲ့အတိုင်းပဲ အဆင်ပြေပါ့"

လော့ယွဲ့က သူ့မျက်နှာကို အုပ်ကိုင်လာပြီး တအောင့်ကြာ သေချာ ကြည့်ကာ "မျက်လုံးအောက်မှာ အရေးအကြောင်းတွေတောင် ပေါ်နေပြီ"

"ချီး၊ မဖြစ်နိုင်တာတွေ" ဝမ်းရှောင်ဟွေး သူ့မျက်လုံးသူ ပျာပျာသလဲ ကာလိုက်သည်။

လော့ယွဲ့က တခစ်ခစ်ရယ်သည်။ ရယ်ရင်းနှင့် မျက်ရည် တစ်စနှစ်စက ကျလာသေးကာ ရယ်ရခက်ငိုရခက် ရှိတော့သည်။

ဝမ်းရှောင်ဟွေး လော့ယွဲ့ကို မျက်ရည်တွေ သုတ်ပေးရင်း "အွန်း..အွန်း... မငိုနဲ့တော့။ မတွေ့ရတာ အရမ်း ကြာသွားပြီဟာ မင်း ဘယ်လောက်လှလာလဲလေး ကြည့်ပါရစေဦး"

လော့ယွဲ့က မျက်ရည်တွေ ပွတ်သုတ်၊ လော့ရိကို ရန်ထောင်မှုအပြည့်ဖြင့် လှမ်းကြည့်ကာ "အိမ်ထဲ ဝင်ပြီးမှပြောရအောင်"

လော့ရိက ဘာမှမဖြစ်ခဲ့သလိုမျိုးနှင့် တယဥ်တကျေး လှမ်းပြောသည် "အစ်ကိုတို့ စကားပြောနေကြ၊ ကျွန်တော် သီးစုံသုတ် နည်းနည်း လုပ်လာမယ်"

လော့ယွဲ့က ဝမ်းရှောင်ဟွေးလက်ကိုဆွဲကာ အိပ်ခန်းထဲ ဝင်ချသွားသည်။

တံခါးပိတ်ပြီးတာနှင့် လော့ယွဲ့က ပျာပျာသလဲ မေးတော့သည် "ဘယ်လိုရှာတွေ့သွားတာလဲ?"

"အနှေးနဲ့ အမြန်ပဲဟာ" ဝမ်းရှောင်ဟွေး ခပ်ယဲ့ယဲ့ ပြုံးကာ "ငါ တစ်သက်လုံး ပုန်းနေနိုင်မယ် ထင်လို့လား"

Additional Heritage [Myanmar Translation]Where stories live. Discover now