Chapter 25

18.7K 2.8K 377
                                    


[ Unicode ]


Chapter 25 - "Wow, so Luo Yi is your patron saint."

" ဝိုး၊ ဆိုတော့ကာ လော့ရိက နင့်ရဲ့ စောင့်ရှောက်ဆောင်မသူ သူတော်စင်လေးပေါ့ "

တက္ကသိုလ်တတ်နေရတော့ လော့ရိလည်း သိသိသာသာကိုအလုပ်များနေတော့သည်။ သူနဲ့ နွေရာသီတစ်လျှောက်လုံး အတူရှိနေပေးခဲ့တဲ့ ဝမ်းရှောင်ဟွေးအတွက် စစချင်းမှာ နည်းနည်းတော့အဆင်မပြေဖြစ်ရသည်။ ဒါပေမဲ့ ကြာတော့လည်း နေသားတကျဖြစ်သွားတော့သည်။ သူ လော့ရိဆီသွားတဲ့ အကြိမ်ရေလည်း တော်တော်လေးလျော့သွားသည်။ အလုပ်ကိုယ်စီရှုပ်နေကြပေမဲ့လည်း အချင်းချင်းတော့ နေ့တိုင်းအဆက်အသွယ်လုပ်ဖြစ်ကြသည်။

တစ်ည နှစ်ယောက်သားအိပ်ရာပေါ်မှာလှဲနေကြတုန်း မအိပ်ခင်လေးမှာ ဝမ်းရှောင်ဟွေးဖုန်းမြည်လာသည်။ သူကြည့်လိုက်တော့ ရှောင်အိုက်ဆီကဖုန်းဖြစ်သည်။ အချိန်က ဆယ့်နှစ်နာရီနီးနီးရှိနေပြီဆိုတော့ ဒီအချိန်ကြီးဆက်တာ တစ်ခုခုအရေးတကြီးကိစ္စကြောင့်ဖြစ်လောက်မည်ဟုတွေးမိပြီး သူ မြန်မြန်ပဲ ဖုန်းကိုင်လိုက်သည်

" ဟေ့ အချစ်လေး၊ ဘာဖြစ်လို့လဲ? "

" ရှောင်ဟွေး၊ ရှောင်ဟွေး၊ မိုးမီးလောင်ပြီ! "

ရှောင်အိုက်အသံက တော်တော်လေး စိတ်လှုပ်ရှားနေမှန်းသိသာသည်။

ဝမ်းရှောင်ဟွေး ရင်ထဲမွန်းဆို့သွားရကာ

" ဘာဖြစ်လို့လဲ၊ ဖြည်းဖြည်းပြော၊ နင်အဆင်ပြေရဲ့လား? "

ရှောင်အိုက်က အသက်ပြင်းပြင်းရှူလိုက်ပြီး

" သတင်းအကြီးစားကြီးရှိတယ် ! "

ဝမ်းရှောင်ဟွေး မျက်ဖြူလှန်လိုက်ပြီး

" ဟဲ့ ဖက်တီးပုတ်၊ ဘယ်အချိန်ရှိနေပြီလဲမသိဘူးလား? "

" ငါ့ကိုများ ဖက်တီးပုတ်လို့ပြောတယ် "

" လိုရင်းကိုပြောစမ်းပါ "

" ပြဿနာတော့တက်ပြီ! "

ဝမ်းရှောင်ဟွေး ...

" ဘာဖြစ်လို့လဲ? "

Additional Heritage [Myanmar Translation]Where stories live. Discover now