Chapter 70

15.2K 2.3K 382
                                    


[Unicode]

Chapter 70

ဒရိုင်ဘာက သူ့ဖုန်းကိုလှမ်းဆွဲယူပြီး ဖုန်းကတ်ကို ထုတ်ပစ်လိုက်သည် "ခြေရာခံမိသွားလိမ့်မယ်၊ ရှေ့လျှောက် ဝမ်း ဒါကို ဆက်သုံးနေလို့မဖြစ်ဘူး"

"ဟင့်အင်း၊ ငါ ငါ့သူငယ်ချင်း အန္တရာယ်ကင်းရဲ့လား အတည်ပြုချင်သေးတယ်" ဝမ်းရှောင်ဟွေး ဖုန်းကို ပြန်ဆွဲယူဖို့လက်လှမ်းလိုက်သည်။

ဒရိုင်ဘာက သူ့ဖုန်းကို ပြန်ပေးသည် "ကျွန်တော်တို့ အခု ဆက်ထွက်ပါမယ်။ ဝမ်း ကျွန်တော့်အလုပ်ရှင်ဆီဖုန်းဆက်ပြီး သူစိတ်ပြောင်းအောင်လုပ်ကြည့်လို့ရပါတယ်၊ မဟုတ်ရင်တော့ ကျွန်တော် ဝမ်းကို ခေါ်သွားရမှာပဲ"

ဝမ်းရှောင်ဟွေး အံကြိတ်ပြီး လီရှော့ဆီ ဖုန်းခေါ်လိုက်သည်၊ ဒါပေမဲ့ လိုင်းက တောက်လျှောက်မအား။

ဒရိုင်ဘာက ကားစက်နှိုးလိုက်သည်။

ဝမ်းရှောင်ဟွေး ထိတ်ထိတ်ပျာပျာနှင့် "ငါ အခု သွားလို့မဖြစ်သေးဘူး! မင်း ကားထွက်ရဲထွက်ကြည့် ငါ ကားပေါ်က ခုန်ချမှာနော်!"

ဒရိုင်ဘာက ခေါင်းလှည့်လာပြီး ကူကယ်ရာမဲ့ ပြော၏ "ဝမ်းခင်ဗျာ့၊ လမ်းဆိုင်းဘုတ်တွေကိုကြည့်ပါ၊ ကျွန်တော်တို့ဘယ်ရောက်နေလဲလို့။ ကျွန်တော်တို့တွေ အခု ပြန်လှည့်မယ်ဆိုရင်တောင် ပေကျင်းဘက်ပြန်ရောက်ဖို့ ငါးနာရီ ခြောက်နာရီလောက်ကြာမှာပါ။ အလွယ်ဆုံးကတော့ အနီးဆုံး မြို့ကြီးတစ်မြို့ဆီရောက်အောင်သွားပြီး လေယာဥ်နဲ့ပြန်တာပဲ။ ဆိုတော့ ဝမ်း ထိုင်လိုက်လာပြီး နောက် မြို့ကြီးတစ်မြို့ဆီမရောက်ခင် ဖုန်းရအောင်ခေါ်နေလိုက်တာ ကောင်းပါလိမ့်မယ်"

ဝမ်းရှောင်ဟွေး လမ်းဆိုင်းဘုတ်တွေကိုကြည့်ပြီး ဒရိုင်ဘာ မှန်ကြောင်း နားလည်လိုက်သည်။ သူ မကျေမနပ် မချင့်မရဲနှင့်ပဲ လက်ခံရကာ ခုံနောက်ကိုမှီချလိုက်ရုံသာ တတ်နိုင်သည်။ သူ့မျက်နှာမှာ သွေးမရှိ၊ ဖြူဖျော့နေပြီး ထိတ်လန့်ပူပန်နေမှုတို့က အထင်းသား။

ဒရိုင်ဘာက ကားကို အမြန်နှုန်းတင်ကာ ခရီးရှေ့ဆက်သည်၊ ဝမ်းရှောင်ဟွေးမျက်လုံးတို့က ဖုန်းဆီမှာသာ...

Additional Heritage [Myanmar Translation]Where stories live. Discover now