Chapter 18

17.2K 2.9K 571
                                    


[ Unicode ]


Chapter 18 - Luo Yi smiled and pointed to his head portrait: "This, it looks sexy."

လော့ရိပြုံးကာ ဓာတ်ပုံထဲက သူ့မျက်နှာကို လက်ညှိုးထိုးပြပြီးပြောသည်

"ဒီဟာ၊ ကြည့်ရတာ ဆွဲဆောင်မှုရှိတယ်"

လော့ရိ ရေချိုးပြီးထွက်လာတော့ သူ့ကျောင်းသားမှတ်ပုံတင်ကို ကိုင်ထားလျက် ကြောင်အအလေးမတ်တပ်ရပ်နေသည့်ဝမ်းရှောင်ဟွေးကို တွေ့လိုက်သည်။

အချို့နတ်တွေ အိမ်ကို သေချာမစောင့်နေကြဘူးနဲ့တူတယ်။

သူ စကားပြောဖို့ တုန့်ဆုတ်တုန့်ဆုတ်ဖြစ်နေမှန်းသိသာသည်။ သူ လွယ်အိတ်ကို တစ်ချက်ကြည့်လိုက်တော့ သူသိလိုက်ပြီ . . .

"ရှောင်ဟွေးကော၊ ယူပြီးသွားပြီလား?"

"အာ၊ အခုပဲယူလိုက်တာ"

ဝမ်းရှောင်ဟွေး ကျောင်းသားကဒ်ကို ကြမ်းပေါ်ချပြီး သူ့သေးသေးသွယ်သွယ်လက်လေးနှစ်ချောင်းကိုပါ ပါအောင်ထောင်ပြီး ဓာတ်ပုံရိုက်လိုက်သည်။

"အို၊ ဟုတ်သားပဲ"

လော့ရိ အိတ်ထဲကနေ တစ်ခုခုကိုရှာကာ ဝမ်းရှောင်ဟွေးဆီ ကမ်းပေးလာပြီး

"မနက်ဖြန်ဆစ်ဒနီ့ဆီသွားရင် ဒါလေးယူသွားပေးလိုက်"

ဝမ်းရှောင်ဟွေး မှတ်ပုံတင်မှန်း တွေ့သွားတော့ သူမေးလိုက်သည်

"ဟမ်? သူ့ မှတ်ပုံတင်က ဘာလို့ မင်းဆီမှာရှိနေတာလဲ?"

"အဲ့နေ့က ဆေးရုံကားခေါ်လိုက်တော့ ဆေးဖိုးပေးမယ်အလုပ် ဆရာဝန်က သူ့အသက်ရယ် နာမည်ရယ်မေးတာနဲ့ပဲ ကျွန်တော် သူ့ပိုက်ဆံအိတ်ထုတ်ပြီး ကြည့်လိုက်တာ။ သူ့ပိုက်ဆံအိတ်ထဲပြန်မထည့်မိဘဲ ကျွန်တော့် အိတ်ကပ်ထဲပဲ မေ့ပြီးထည့်လိုက်မိတာ။"

ဝမ်းရှောင်ဟွေး : "အာ"

ဝမ်းရှောင်ဟွေး အဲ့တော့မှပဲ ချက်ချင်းဆိုသလို ရင်ထဲက အလုံးကြီးကျသွားတော့သည်။ သူ မှတ်ပုံတင်ကို လှမ်းယူလိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ကဒ်ကိုလှုပ်ပြပြီး

Additional Heritage [Myanmar Translation]Where stories live. Discover now