[Unicode]
*ဟိုနေ့ကတင်တဲ့ 53မှာ လော့ရိနဲ့ ရှောင်ဟွေး ဘာဆက်ပြောလဲ ထပ်မဖတ်ရသေးတဲ့လူတွေ အပေါ် Chapter53မှာ့ 53.2ဆိုပြီး တစ်ဝက် ထပ်ဖြည့်ထားပါတယ်။ တင်ပြီးသားမှာပေါင်းထည့်ပြီး ပြန်publishတော့ အချို့တွေ မမြင်ကြလို့။ အဲ့တစ်ဝက်က သေးသေးလေးအရေးကြီးတာမလို့ လွတ်သွားမှာစိုးလို့ပါ။*
....................
Chapter 54 - "I have nothing to do with him anymore."
"ကျွန်တော် သူနဲ့ ပတ်သတ်စရာအကြောင်း ဒီထက်ပိုပြီး ထပ်မရှိတော့ဘူး"
လော့ယွဲ့က သူ့ကို စိုးရိမ်သည့် မျက်လုံးတို့ဖြင့် ကြည့်ကာ "ဒီအကြောင်း ခေါင်းထဲမထည့်သေးရအောင်။ မင်း နောက် နှစ်ရက်လောက် ထပ်နားပါလား"
ဝမ်းရှောင်ဟွေး ခေါင်းခါကာ "ငါ ဒီလောက်ရက်အကြာကြီး နားထားပြီးပြီပဲ၊ ဒီတိုင်း ဆက်နေနေရင် အန်မိလိမ့်မယ်။ ကျွီးရှင်းမှာ အလုပ်လုပ်ကတည်းက ငါ တစ်ခါမှာ ဒီလောက်ထိ အားယားမနေဖူးဘူး"
သူ လော့ယွဲ့ကို လှည့်ပြုံးပြလိုက်သည်။ အပြုံးကား တောင့်တောင့်ကြီးနှင့် ငိုတော့မယောင်...
လော့ယွဲ့က မျက်မှောင်ကြုတ်ပြီး "အဲ့တာ...အဲ့တာဆိုလည်း ငါ မင်းကို လိုက်ပို့ပေးမယ်"
"ဘာလို့ လိုက်ပို့မှာလဲ? ငါ လမ်းမလျှောက်နိုင်တာကျလို့"
"ပါပါးက င့ါကို ကားဝယ်ပေးထားတယ်၊ ငါ မင်းကို လိုက်ပို့ပေးမယ်လေ နော်"
ဝမ်းရှောင်ဟွေး ပြုံးပြီး ပြောသည် "ဒီ လူကုံထံ ဒုတိယမျိုးဆက်တို့ကတော့ ရေလျှံချက်၊ အိုခေလေ"
သူ အခန်းထဲက ထွက်တော့ ဖန်းယွီ့ဟွားက စာအုပ်ဖတ်နေသည်။ သူ အပြင်ထွက်လာတာ တွေ့တာနှင့် မတ်တပ်ထလာသည်။
"မား..." ဝမ်းရှောင်ဟွေး မျက်နှာမပြဝံ့တာကြောင့် ခေါင်းငုံ့ထားမိသည် "မားကို စိုးရိမ်စေမိပြီ"
ဖန်းယွီ့ဟွားက တစ်ဖက်ကို ခေါင်းလှည့်သွားပြီး စိတ်ဆိုးတကြီး ပြောသည် "ငါ ဘာပြောခဲ့လဲ၊ မင်းကို သူနဲ့ နီးနီးကပ်ကပ်မနေနဲ့လို့ မပြောဘူးလား။ မင်းတို့ကြားမှာ ဘာဖြစ်ထားတယ်ဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ ကောင်းတာ ဘာမှမရှိနိုင်ဘူးလို့တော့ မသိစိတ်က အလိုလို သိနေတယ်။ မင်း ဒီအတွက် အသိတရားဝင်လာတာ အရမ်း နောက်မကျသေးပါဘူး။ သူနဲ့ နောက်တစ်ခါ ထပ် ပတ်သက်ဖို့ကို ခွင့်မပြုဘူးနော်"