[Sweetheart] Extra - 17

6.3K 1.1K 150
                                    


[Unicode]

[T/N] ဤအပိုင်းတွင် 15နှစ်အောက် ပူတက်တူးများအတွက် ဖတ်ရှုရန်မသင့်သော အသုံးအနှုန်း၊ ဇာတ်လမ်းဇာတ်ကွက်အချို့ ပါဝင်သည်။ 


[Sweetheart] Extra 17

Chapter 123

(ရှေ့တစ်ပိုင်းကို အနှစ်ပြန်ချုပ်ပေးရရင်တော့ဖြင့် သူတို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကူညီခဲ့ကြလေသည်...)

ကိစ္စပြီးသွားတော့ နှစ်ယောက်လုံး မျက်နှာတွေပူနေကြသည်။

ချင်ဇီကျောင်းက အမှောင်ထဲမှာ စမ်းတဝါးဝါးနှင့် တစ်ရှူးလိုက်ရှာသည်။ လော့ယွဲ့က ကုတင်ခေါင်းရင်းက တစ်ရှူးထုတ်ကိုယူပြီး သူ့ကို ကမ်းပေးလိုက်သည်။ သမင်မျက်လုံး လှလှလေးတို့မှာ ရှက်ရိပ်ရှက်ယောင် လွှမ်းလျက် အကြည့်တို့ကို ရှောင်လွှဲနေပြန်၏။

သန့်ရှင်းပြီးတဲ့နောက်မှာ ချင်ဇီကျောင်း၏ အသက်ရှူသံတို့ဟာ အနည်းငယ် မတည်မငြိမ်ရှိဆဲ။ သူ ညင်သာစွာပင် ပြောလာသည်။

"ကိုယ် အိမ်သာခဏသွားလိုက်ဦးမယ်"

ချင်ဇီကျောင်းထွက်သွားတော့မှ လော့ယွဲ့ အသက်ဝဝရှူနိုင်တော့သည်။ သူလည်း အမြန် သန့်ရှင်း၊ ဘောင်းဘီပြန်ဝတ်ပြီး အိပ်ရာခင်းကို ပြန်ဖြန့်သည်။ သို့သော် ဘယ်လောက်ပဲ လုပ်လုပ် စောစောက အခြင်းအရာကို ဖျက်ပစ်နိုင်ခြင်းမရှိ။ လော့ယွဲ့ အိပ်ရာစောင်းမှာ ထိုင်နေရင်း သူ့မျက်နှာတွေ တရှိန်းရှိန်း ပူနေ၏။ စောစော‌လေးကတင် သူ သိပ်ကို ရဲတင်းမိခဲ့သည်။ သို့ပေမဲ့ ခြေတစ်လှမ်းရှေ့ဆက်မတိုးမိသည်အတွက် တစ်ခုကိုတော့ နောင်တရမိပါ၏။ ဒါပေမဲ့လည်း ချင်ဇီကျောင်းသည်လည်း သူနှင့်ထပ်တူပင် စိတ်လှုပ်ရှား ရှက်ရွံ့နေတာကို သူ တွေ့ရ၏။ ဒါဟာ ခြေလှမ်းကြီးတစ်လှမ်း ထပ်တိုးသွားတာပင်။

လော့ယွဲ့ ချင်ဇီကျောင်း၏ လက်ဆီမှ အနွေးဓာတ်ကို ခံစားလို့ရမိဆဲ။ သူ့နှုတ်ခမ်းထောင့်စွန်းတို့ဟာ ဟန်မဆောင်နိုင်စွာ ကွေးတတ်လာတော့၏။

တအောင့်ကြာတော့ ချင်ဇီကျောင်း ရေချိုခန်းထဲကထွက်လာပြီး

Additional Heritage [Myanmar Translation]Where stories live. Discover now