Chapter 5.2

22K 3.6K 415
                                    


[ Unicode ]

Edited ver.

Chapter 5.2

စားသောက်အပြီး လော့ရိက ဆိုလာသည်။

"ရှောင်ဟွေးကော... အိမ်ကို ပတ်ကြည့်ချင်လား"
"ကောင်းသားပဲ"

ဝမ်းရှောင်ဟွေး ပါးစပ်ကိုတစ်ရှူးဖြင့်သုတ်လိုက်ပြီး lip balm သေချာလေး ပြန်ဆိုးလိုက်သည်။

"သွားရအောင်"

ပထမထပ်မှာတော့ ဧည့်ခန်း၊ မီးဖိုချောင်၊ ကလေးထိန်း၏အခန်းနှင့် စတိုခန်းက အဓိကနေရာယူထားသည်။ ဒုတိယထပ် တစ်ထပ်လုံးမှာတော့ အခန်းသုံးခန်းရှိသည်။

လော့ရိက လှေကားနှင့်အနီးဆုံး အခန်းတံခါးကို တွန်းဖွင့်လိုက်သည်

"ဒါက မားရဲ့အခန်း။ ဘေးကပွင့်နေတဲ့အခန်းက အဝတ်အစားထားတဲ့အခန်း။ အဲ့မျက်နှာချင်းဆိုင်က အားကစားလုပ်တဲ့အခန်း"

ဝမ်းရှောင်ဟွေး တံခါးပေါင်ကို မှီကိုင်လိုက်ပြီး ခြေလှမ်းတို့က အနည်းငယ်လေးလံနေသည်။

လော့ရိက သူ့နားနားကို ကပ်၍

"အထဲဝင်ကြည့်လေ"

ဝမ်းရှောင်ဟွေး ရင်ထဲမှာပင် သက်ပြင်းတစ်ချက်ချလိုက်ကာ အထဲလျှောက်ဝင်သွားလိုက်သည်။

လော့ရာရာ၏အခန်းကတော့ ရိုးရိုးရှင်းရှင်းလေးနှင့် ကြော့ရှင်းနေသည့် ဗီလာတစ်ခုလုံး၏ အပြင်အဆင်နှင့် ဆန့်ကျင်စွာ ဇိမ်ခံပစ္စည်းအပြည့်အစုံနှင့် ဆင်ယင်ထားလေသည်။ အီတာလီလျံသစ်ထည်ပရိဘောဂတွေနှင့် ခုတင်ပေါ်ရှိ ကြီးမားလေးလံလှသည့် မင့်ခ်အမွေးပွစောင်ကြီးတို့က ပိုင်ရှင်၏ အကောင်းကြိုက်တတ်မှု၊ ကြွယ်ဝပုံတို့ကို ဖော်ပြလျက်ရှိ၏။ အခန်းတစ်ခုလုံးရှိ ပရိဘောဂ အခင်းအကျင်းက မြင်နေတွေ့နေကျပုံစံမျိုးနှင့်ကွဲထွက်နေကာ ဆန်းသစ်လှပသေသပ်ပေသည်။ အခန်းက လူမနေတာ တော်တော်လေးကြာသည့်ပုံပေါ်ပေမယ့် သစ်သားကြမ်းခင်းပါကေးကတော့ ရှင်းသန့်တောက်ပြောင်နေပြီး မြူတစ်မှုန်ပင် မစွန်းထင်း။ ဒီ ဆန့်ကျင်ဖက်ဖြစ်နေသည့် အပြင်အဆင်ပုံစံက တစ်ခန်းလုံးကို ပိုလို့တောင် ကျောစိမ့်နေစေသည်။

Additional Heritage [Myanmar Translation]Where stories live. Discover now