[Unicode]
[Sweetheart] Extra - 14
Chapter - 120
လော့ယွဲ့နှင့် ချင်ဇီကျောင်းတို့၏ ချိန်းတွေ့မှုက တသတ်မတ်တည်းရှိလှသည်။ တစ်ပတ်တစ်ခါမှာ ယောင်ယောင့်ကို မုန့်ဖုတ်သင်ပေးတဲ့ တစ်ရက်ထပ်ပေါင်းရင် သူတို့ တစ်ပတ်ကို နှစ်ခါ တွေ့ရသည်။ လော့ယွဲ့ ဒီ့အတွက် အကျေနပ်ကြီးကျေနပ်ပါ၏။ နောက်ပြီး ချင်ဇီကျောင်းက မကြာခင်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရတော့မှာဖြစ်တာကြောင့် သူ အချိန်အများကြီးယူဖို့ အားနာသည်။
တစ်ခါတလေ ချင်ဇီကျောင်းနဲ့ဘာပြောရမလဲ တိုင်ပင်ဖို့ရာ သူဝမ်းရှောင်ဟွေးကိုဆွဲထားပြီး တစ်ညနေလုံးစကားပြောလေ့ရှိရာ ဝမ်းရှောင်ဟွေးကို သူ့အား အလုပ်လာရှုပ်လွန်းလို့ ရိုက်ချင်စေလောက်သည်။
နောက်ဆုံးတော့ အလုပ်အရှုပ်ရဆုံး ထိုရက်အနည်းငယ်ကို ကိုဖြတ်ကျော်ပြီးနောက် ကျောင်းသားအားလုံး ခေတ္တလွတ်လပ်ခွင့်ရလာသည်။
စာမေးပွဲနောက်ဆုံးနေ့ကျ လော့ယွဲ့ နေပူဒဏ်ကိုအံတု၍ ကျောင်းဂိတ်ပေါက်ဝရှေ့မှာ မိဘတွေ အုပ်လိုက်ကြီးနှင့်အတူ ချင်ဇီကျောင်းကို သွားစောင့်သည်။ ချင်ဇီကျောင်း၏မိဘတွေ မလာဘဲ ဒရိုက်ဘာကြီးပဲ လာကြိုမယ်ဆိုတာ သူ သိထား၏။
သူ့ဘေးမှာ ရပ်စောင့်နေသော အဒေါ်ကြီးတစ်ယောက်က လော့ယွဲ့ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး အပျင်းပြေ စကားစလာသည်
"မိန်းကလေး... မင်း ဘယ်သူ့ကို လာစောင့်တာလဲ"
လော့ယွဲ့က သူ့မျက်နှာထက်မှာကပ်ထားသော နေရောင်ကာခရင် mask ကို ခွာလိုက်ပြီး
"အန်တီ... ကျွန်တော်က မိန်းကလေးမဟုတ်ဘူးဗျာ့"
သူ နေရောင်ကာခရင် maskကပ်ထားတယ်ဆိုပေမဲ့ သူ့ပုံက ဘယ်နားကမှ မိန်းကလေးပုံပေါ်မနေပါဘူး။ ဒါဘယ်လို မျက်လုံးအမြင်မျိုးလဲ။
အဒေါ်ကြီးက သူ့ကို အံ့ဩဘနန်းကြည့်လေ၏။
လော့ယွဲ့က ချိုချိုသာသာ ပြုံးလိုက်ပြီး