Chapter 58

14.3K 2.1K 464
                                    


[Unicode]

Chapter 58 - "Wen Xiaohui, you little idiot, you will regret it."

"ဝမ်းရှောင်ဟွေး...အရူးလေး၊ မင်း ဒီအတွက် နောင်တရလိမ့်မယ်"


ဝမ်းရှောင်ဟွေးတစ်ယောက် နှစ်ရက်မျှပင် ခပ်ကင်းကင်းမနေနိုင်ခဲ့။ ချန်းဟောင်အုပ်စုရဲ့ ရှယ်ယာဈေးက ပုံမှန်မဟုတ်ဘူးဆိုတာရယ် သက်ဆိုင်ရာကပါ ဝင်စုံစမ်းနေပြီဆိုတဲ့အကြောင်းတို့အား လီရှော့ သူကို ပြောပြလာသည်မှာ သူ ဘယ်လိုမှ မနေသာတော့။ အဆုံးမှာ လော့ရိဆီသွားဖို့ ဆုံးဖြတ်လိုက်သည်။

လော့ရိ့အိမ်ကို အသွား၊ လမ်းမှာ ရှောက်ချွင်ဆီက ဖုန်းဝင်လာသည်။ ရှောက်ချွင် သူ့ဆီဆက်သွယ်လာတာ ဒါ လော့ရိနှင့်ပတ်သက်လို့ပဲရှိမှာလို့ စိတ်ထဲ အလိုလိုခံစားမိ၏၊ သို့သော် သူ ထင်ထားသလိုမဟုတ်ဘဲ ရှောင်ချွင်က ရှင်းရှင်းပဲ တန်းပြောလာသည် "မင်း နိုင်ငံခြားပညာတော်သင်အတွက် သုံးလသင်တန်းတက်ဖို့ ပြင်သစ်ကိုသွားလိုက်"

ဝမ်းရှောင်ဟွေး ကြက်သေသေသွားရ၏... "ဗျာ?"

"ကြားတဲ့အတိုင်းပဲ... လျိုရှင်းရဲ့ လက်ထောက်ဆီကို မင်း အလုပ်တွေ လွှဲပေးခဲ့၊ ဗီဇာ တစ်ပတ်အတွင်း ကိစ္စပြတ်တယ်။ မြန်မြန်ပြီးစီးအောင် လုပ်မှဖြစ်မယ်၊ မဟုတ်ရင် မင်း အတန်းတွေ လွတ်ကုန်မယ်"

ဒီလိုအချိန်မှာ ဗြန်းစားကြီး နိုင်ငံခြားပညာတော်သင်သွားရဖို့အတွက် အခွင့်အရေး ရလာလိမ့်မယ်လို့ သူ လုံးဝ မထင်ထားမိ။ ကျွီးရှင်းနှင့်ပူပေါင်းထားသည့် ထိုပြင်သစ်က သင်တန်းကျောင်းရဲ့ ကျော်ကြားမှုက သူ အမေရိကားမှာ တက်ခဲ့တဲ့ကျောင်း အောက်မလျော့။ ထိုသင်တန်းကလည်း ဒီအသိုင်းအဝိုင်းကလူတိုင်းနီးပါး၏ မျှော်မှန်းမက်မောရာ နေရာတစ်ခုပင်။

ဒါပေမဲ့ အခုက သူ ဒီခရီးကို စိတ်အေးလက်အေး လျှောက်လှမ်းနိုင်မှာတဲ့လား... သူ တွန့်ဆုတ်နေမိပြီး ပြောလိုက်သည် "သခင်လေးရှောက်၊ ဘာလို့ ဒီလောက် ရုတ်တရက်ကြီး..."

"ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ။ ရှည်ကျောမနေနဲ့ သွား၊ ပြင်ဆင်စရာရှိတာ သွားပြင်တော့"

Additional Heritage [Myanmar Translation]Where stories live. Discover now