Chapter 50

18.1K 2.2K 429
                                    


Scroll down for Unicode.

[Zawgyi]

Chapter 50 - Do you know what kind of monster that kid is?!

အဲ့ကလေးက ဘယ်လို မကောင်းဆိုးဝါးလေးလဲဆိုတာ မင်း သိရဲ့လား?!

ဝမ်းရှောင်ဟွေးတစ်ယောက် maid dressဝတ်ဖို့အရေးအတွက် အမွှေးအမျှင်ရှင်း၊ ခန္ဓာကိုယ်အောက်ပိုင်း စကင်းကဲကာ* moisturizerပါသုံးပြီး အသေအချာ အကျအန ပြင်ဆင်ထားသည်။ မီနီစကပ်ဖြစ်တာကြောင့် ပုံမှန်ဝတ်နေကျ အတွင်းခံမျိုး ဝတ်လို့မရ။ သူ့မှာလည်း ထို့အတွက်ဝတ်ရသည့် အတွင်းခံ မရှိတာကြောင့် လော့ရိအိမ်ကိုအသွားမှာ တစ်ခါတည်း ဝင်ဝယ်လိုက်သည်။ မိန်းကလေးဖြစ်ရတာ တကယ်ကိုမလွယ်ဘူးလို့ မသက်မသာ ညည်းညူမိသည်။

*exfoliatingဆိုတာ အရည်ပြားအပေါ်ယံလွှာက ဆဲလ်သေတွေကို ဖယ်ရှားတဲ့ ကုထုံး? Processကိုခေါ်တာပါ။

သူ လော့ရိ့အိမ်ကို ရောက်သွားတဲ့အချိန် လော့ရိက အိမ်ပြန်မရောက်သေး။ ဝမ်းရှောင်ဟွေး အိပ်ရာပတ်လည်မှာ ဖယောင်းတိုင်ထွန်း၊ ပန်းပွင့်ပန်းလွှာတွေနှင့်အလှဆင်ပြီး တစ်ခန်းလုံးကို အမွှေးနံ့သင်းနေအောင် အရင်လုပ်လိုက်ပြီးမှ Maid dressတိုတိုလေးဝတ်၊ ဆံပင်ကို အကျအန ဖီးလိမ်းပြင်ဆင်လိုက်သည်။ ပြင်လို့ပြီးသွားတဲ့နောက်မှာ စကတ်ကို တိုသထက်တိုအောင် အပေါ်ဆွဲတင်ပြန်သည်။ သူ့ကိုယ်သူ မှန်ထဲမှာ ခဏလောက်ကြည့်ကြည့်ပြီးနောက် အတော်လေး ကျေနပ်သွား၏။ မျက်နှာမှာ ခပ်ညစ်ညစ် သူခိုးပြုံးလေးတစ်ချက် ရေးရေးပေါ်လာသည်။

အိမ်တံခါးမကြီးကို လော့ရိ ဖွင့်ဝင်လာတဲ့ အသံကြားလိုက်ရတဲ့အခါ ဝမ်းရှောင်ဟွေး နှလုံးသားလေးက အပြင်ကို ခုန်ထွက်လာတော့မတတ်ပင်၊ သူ အောက်ထပ်ဆီ လှမ်းအော်လိုက်သည်

"လော့ရိ!"

"ရှောင်ဟွေးကော၊ အိပ်ခန်းထဲမှာလား?"

"အပိုတွေမေးမနေနဲ့ မြန်မြန် တက်လာခဲ့ချည့်"

လော့ရိလည်း ပြောစကားကို ကျိုးနွံစွာနားထောင်ပြီး အပေါ်ထပ်ဆီတက်သွားသည်။ ဝမ်းရှောင်ဟွေးက သူဝင်လို့မရအောင် အခန်းတံခါးကို ဆွဲထားသည်

Additional Heritage [Myanmar Translation]Where stories live. Discover now