Chapter 11.2

17.1K 3.1K 491
                                    


[ Unicode ]

Edited ver.

Chatper 11.2

တစ်မနက်လုံး အလုပ်တွေ ရှုပ်ယှက်ခက်နေပြီး သူအလုပ်ဆင်းခါနီးလောက်မှာ လော့ရိရောက်လာသည်။

လော့ရိကို တွေ့တော့ ရှောင်အိုက်က စိတ်လှုပ်ရှားတကြီး....

"အိုမိုး...ရှောင်တိတိ၊ Adi ကို လာရှာတာလားဟင်"

လော့ရိက ပြုံး၍ "ဟုတ်၊ သူရှိလား"

"Adi... နင့်အမျိုးချောချောလေး ရောက်နေတယ်"

ဝမ်းရှောင်ဟွေး ဧည့်သည်ကို ဆံပင်လေမှုတ်ပေးနေရင်း ရှောင်အိုက်ပြောတာကြားလိုက်တော့ လှည့်ကြည့်ပြီး....

"လော့ရိ...ခဏထိုင်ဦး။ ငါ ပြီးခါနီးပြီ"

လော့ရိ အဝင်ဝနားမှ ဆိုဖာမှာထိုင်ကာ စတူဒီယိုကို တစ်ချက်ဝေ့ကြည့်ရင်း ဝမ်းရှောင်ဟွေး အခြားလူတစ်ယောက်၏ဆံပင်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ပေးနေတာ ကြည့်မိသည်။ ပုံမှန်မြင်နေကျ ရွှတ်ရွှတ်နောက်နောက်နေတတ်သည့်ပုံနှင့် အလုပ်လုပ်နေသည့်ပုံက လုံးဝကို ကွာခြား၏။

"ကောင်ချောလေး...ရေသောက်ဦး"

လော့ရိ ခေါင်းမော့လိုက်တော့/မော့ကြည့်လိုက်တော့ Lucaက ရေတစ်ခွက်ခပ်လာပေးပြီး သူ့အရှေ့ လာချပေးတာဖြစ်သည်။

လော့ရိ ခေါင်းညိတ်ပြီး "ကျေးဇူးပါ"

"မင်းက တကယ်ပဲ Adrian ရဲ့ အမျိုးလား"

"ဟုတ်ပါတယ်"

Luca က မယုံသလိုလိုနှင့် ကြည့်၍ "ဘာအမျိုးလဲ။ မင်းတို့က ရုပ်လည်းမဆင်ပဲ" ဆိုပြီးနောက် အသံကိုနှိမ့်ကာ ဆက်၍.... "မင်းနဲ့ သူနဲ့က အတွဲတွေမလား"

လော့ရိ ခပ်ပါးပါးလေး ပြုံး၍ "ကျွန်တော်က သူ့တူပါ"

Luca က လော့ရိကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး "မင်းအသက်ဘယ်လောက်ရှိပြီလဲ"

"ဆယ့်ငါးပါ"

Luca စကားဆက်ဖို့ အခွင့်မရတော့။ ဝမ်းရှောင်ဟွေးက ပြေးလာပြီး Lucaရှေ့မှာ ဝုန်းခနဲ ပိတ်ရပ်လာသည်။

Additional Heritage [Myanmar Translation]Where stories live. Discover now