Chapter 55

14.5K 2.1K 1.2K
                                    

[Unicode]

Chapter 55 - "Whose breakup fee is higher than me?"

"ဘယ်သူ့ လမ်းခွဲနစ်နာကြေးကများ ငါ့လောက်ရှိနိုင်မှာလဲ?"

ဝမ်းရှောင်ဟွေး ချိုင်ဟိုင့်ရုံးကနေ ပြန်ထွက်လျှောက်လာတော့ အပြာရောင်လဲ့နေသည့် ပေကျင်းမြို့ ကောင်းကင်ယံကိုကြည့်ပြီး သက်ပြင်းချမိ၏။

သူက ငွေခင်သူ တစ်ယောက်။ ပိုက်ဆံမရှိဘဲ ဘယ်လို ဝတ်ရစားရမလဲ... ပိုက်ဆံမရှိဘဲ ဘယ်လိုလုပ်ပြီး ပစ္စည်းကောင်းတွေ ဝယ်သုံးနိုင်မှာလဲ... ပိုက်ဆံမရှိဘဲ သူ့အမေကို ဘယ်လိုလုပ် တင့်တင့်တယ်တယ်ထားနိုင်မှာလဲ...

သူသာ ယွမ်ထောင့်ငါးရာပဲရတဲ့ အလုပ်သင်လေးတစ်ယောက်ဆို ဒီပိုက်ဆံတွေကို ပြန်ပေးဖြစ်လောက်မှာမဟုတ်။ ဒါပေမဲ့ အခု သူ့မှာက သူ့ဘဝကို ထောက်ခံထားပေးနိုင်တဲ့ အရည်အချင်းရှိနေပြီ။ ဒီ ငွေသုံးသန်းလောက်ပမာဏကို အသက် သုံးဆယ်မတိုင်ခင်မှာ ကိုယ်တိုင် ရှာနိုင်ကောင်းရဲ့လို့ မျှော်လင့်မိသည်...

ဒီပိုက်ဆံသုံးသန်းကို လက်ထဲပိုက်ထားရမယ်ဆိုတဲ့အသိကတော့တကယ်ကို စက်ဆုပ်မုန်းတီးဖွယ်ပင်။ နောင်မှာ သူ နောင်တရလောက်၏ မရနိုင်လောက်၏ တွေးမနေတော့ဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။ နောင်မှ နောင်တတသီကြီး ပွေ့ပိုက်ခံစားရမည်ဆိုရင်တောင် အနည်းဆုံးတော့ အခု သူ စိတ်ပေါ့ပါးရသည်။

နောက်ဆုံးတော့ သူ့နောက်ကို အရိပ်တကောက်ကောက်လိုက်နေသည့် "လော့ရိ" ဆိုတဲ့ တိမ်တိုက်တိမ်စိုင် မည်းညစ်ညစ်ကို ရှင်းထုတ်ဖယ်ရှားနိုင်လိုက်ပြီ။ ထို တိမ်စိုင်မည်းက ဘယ်လောက်သေးငယ်တဲ့ အရွယ်အစားပဲဖြစ်နေပါစေ ထိုအရာ၏ သက်ရောက်မှုက ကြီးမားသည်။ အခုလို ရှင်းဖယ်လိုက်နိုင်လိုက်သည့် သက်ရောက်မှုကလည်း သေချာပေါက် တွက်ဆထားသည်ထက် ပိုသည်မှာအမှန်။

နွေးထွေးလှတဲ့ ဂိမာန်နွေဦးမှာ ဝမ်းရှောင်ဟွေးအား လက်ရှိဘဝရဲ့ နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်မည့် တံခါးချက်က လှစ်ဟဆီးကြိုလာသည်။ ကျွီးရှင်းရဲ့ အနာဂတ် ဗျူဟာတွေအတွက် ရှယ်ယာရှင်တွေ တွေ့ဆုံဆွေးနွေးကြမည့် အစည်းအဝေးကို တက်ရောက်ခွင့်ရသည်။ စီမံဆုံးဖြတ်ချက်တို့အရ ဝမ်းရှောင်ဟွေးအား စတူဒီယိုကို ပဲ့ကိုင်နိုင်မည့် မျိုးဆက်သစ် မွေးထုတ်သည့်အနေဖြင့် ရှယ်ယာလည်းတစ်စိတ်တစ်ပိုင်း ခွဲပေးပြီး အုပ်ချုပ်ရေးပိုင်းရာထူးတိုးပေးမည်ဟု ကမ်းလှမ်းလာ၏။

Additional Heritage [Myanmar Translation]Where stories live. Discover now