[Unicode]
[82ကလေ mediaမှာထားတဲ့ပုံကပါ ထပ်banခံရလို့၊ အဲ့တာ errorပြန်ဖြစ်နေရင် လာပြောလို့ရပါတယ်နော်။ မနေ့က မဖတ်လိုက်ရတဲ့လူတွေလည်း အခု တစ်ချက် ဝင်ကြည့်လိုက်ပါဦး၊ စာတွေ ပြန်ပေါ်လောက်ပြီထင်ပါတယ်]
...
Chapter 83
ဝမ်းရှောင်ဟွေး လေဆိပ်ကို လော့ယွဲ့နှင့်အတူ စိတ်လှုပ်ရှားတကြီးရှိစွာ ရောက်ချသွားသည်။ သူ အထပ်ထပ် သတိပေးနေမိ၏
"ခဏနေ မားနဲ့ တွေ့ရင် မင်း ငါနဲ့ ဖော်လိုလေးလိုက်ရမယ်နော်။ မားက အခု အဆင်ပြေပြေရှိနေပြီ။ ငါ့အတွက်နဲ့ စိတ်ပူမနေရစေနဲ့"
လော့ယွဲ့က စိတ်ပျက်လက်ပျက်နှင့် ခေါင်းညိတ်သည်။
ဝမ်းရှောင်ဟွေး သူ့ရဲ့ ဆံပင်ကောက်ကွေးလေးများကို ဖွလိုက်ပြီး "ငါ့အတွက် စိတ်ပူစရာမလိုဘူး"
"ပေါင်ပေ့၊ ငါ မင်းပြောတာ နားထောင်ပါမယ်။ ဒါပေမဲ့ စူပုတ်ပုတ်ကြီး စိတ်ပင်ပန်းမနေပါနဲ့"
"စိတ်မပူပါနဲ့" ဝမ်းရှောင်ဟွေး အံကြိတ်ကာ "မင်း မေ့သွားပြီလား? ငါ့ဘဝ ရည်မှန်းချက်က ပိုက်ဆံတွေ အများကြီးရှာပြီး မားကို တင့်တောင်းတင့်တယ် ထားချင်တာလေ။ အခု အဲ့ရည်မှန်းချက် ပြည့်မြောက်ပြီ မဟုတ်လား? မိုက်တာကြီးပါ"
လော့ယွဲ့က အင်တင်တင် ပြုံးပြသည်။
လေယာဥ်ဆိုက်တော့ ဝမ်းရှောင်ဟွေးတစ်ယောက် ထွက်ပေါက်မှာ စောင့်နေရင်း ထွက်လာတော့နိုးထွက်လာတော့နိုး တမျှော်မျှော်နှင့် စိတ်လောနေသည်။ နောက်ဆုံးတော့ အထဲကနေ ထွက်လာသည့် ရင်းနီးနေသော ပုံရိပ်လေးကို သူ တွေ့လိုက်ရသည်!
"မား!" ဝမ်းရှောင်ဟွေး လှမ်းအော်လိုက်ပြီး မျက်လုံးတို့မှာ စိုစွတ်လာသည်။ သူ သူ့အမေကို အပြေး သွားဖက်လိုက်သည်။
ဖန်းယွဲ့ဟွားလည်း စိတ်လှုပ်ရှားမှုဖြင့် မျက်ရည်တို့ ကျိုးပေါက်ကျလာ၊ သူ့နောက်ကျောကို တဘုန်းဘုန်း ထပြီး သူ့ရင်ခွင်ထဲတိုးဝင် ငိုကြွေးတော့သည်။