[Sweetheart] Extra - 2

12.1K 1.5K 244
                                    


[Unicode]

[Sweetheart] Extra - 2

Chapter 109

ဆိုင်ကို လော့ယွဲ့ ပြန်ရောက်တော့ အားရန်နှင့် ဟိုင်မန့်တို့ နှစ်ယောက်သားက သူ့ကို ပြုံးပြုံးပြုံးပြုံးနှင့် ကြည့်ကြသည်။ လော့ယွဲ့ သူတို့ကို မျက်စောင်းထိုးကာ "ဘာတွေ့လို့လဲ?"

"လော်ပန်မမလေး မျက်နှာတွေနီရဲနေတာပဲ ဟားဟားဟား" အားရန်က သူ့ကို လက်ညှိုးထိုးပြီး ရယ်၏။

"နင့်ကို လစာဖြတ်ပြီ!!"... လော့ယွဲ့ သူ့မျက်နှာသူ ပွတ်သပ်ကာ "ဟေ့၊ အဲ့ ကျောင်းဝတ်စုံက xxကျောင်းကမလား"

"ဟုတ်တယ်ရယ်... အဆင်လေးက လူကုံထံဒုတိယမျိုးဆက်က မဟုတ်ရင် ရွှယ်ပါ့ပဲ"

အားရန်က ခေါင်းညိတ် ထောက်ခံ၏ "တကယ် ချောတယ်၊ အချေတစ်လိုင်းကြီးနဲ့ အေးစက်ချက်ကတော့ သေးသေးလေး ကြောက်ဖို့ကောင်း..."

လော့ယွဲ့ သက်ပြင်းချ၏ "အဲ့ကျောင်းက တို့တွေနား နီးနီးလေးတင်မလား... ထပ်လာလောက်ဦးမလားမသိဘူး"

"အိုးးးး လော်ပန်မမလေးရင်ထဲ နွေဦးပန်းတွေဝေနေပြီ"

"နင် ဒီလ တကယ် လစာတစ်ပြားမှ မရဘူးပဲ!"

လော့ယွဲ့ ငွေရှင်းကောင်တာဆီပြေးသွားပြီး ကောင်လေးရဲ့ ဘောင်ချာမှတ်တမ်းတွေကို ပြန်ရှာကြည့်သည်။ လိုက်ကြည့်ပြီးနောက် အများဆုံးဝယ်သွားတဲ့ အရသာနှစ်မျိုးကို ရှာတွေ့လိုက်ပြီး သူ mangoနှင့် cranberry based dessertတွေကြိုက်တတ်မှန်း သိလိုက်ရသည်။ သူ အဝယ်တော်လွတ်လိုက်သည့်ဝန်ထမ်းကို ဒီအသီးနှစ်မျိုး ပိုဝယ်ခဲ့ပေးဖို့ ချက်ချင်းပဲ ဖုန်းဆက်လိုက်သည်။

သူ့မုန့်တွေက အရသာရှိတယ်ဆိုပြီးများ ထိုသူ ထပ်ရောက်လာလောက်မလား...

လော့ယွဲ့ရဲ့ မျှော်လင့်ချက်တွေက မကြာခင်မှာပဲ အမှန်တကယ်ဖြစ်လာခဲ့သည်။ ရက်အနည်းငယ်အကြာမှာတော့ တူညီဝတ်စုံဝတ်ကျောင်းသားလေးများ တဖွဲဖွဲ ကျောင်းဆင်းလာကြချိန်တွင် ကောင်လေးက ပြန်ပေါ်လာသည်။

အဲ့အချိန် လော့ယွဲ့က ဝယ်သူတွေနှင့် စကားစမြည်ပြောနေ၏။ တစ်ချက်ဝေ့အကြည့်မှာ မြင်လိုက်ရသည့် ကောင်လေးက ထိုသူနှင့် ပုံစံအနေအထား ခပ်ဆင်ဆင်... အသားအရည်ကလည်း ဝင်းမွတ်လို့... မျက်နှာကို သေချာအပြည့် မမြင်ရသေးတာတောင် လော့ယွဲ့ရဲ့ ရင်ခုန်သံကြိမ်နှုန်းတို့က တဒုန်းဒုန်းတဒိုင်းဒိုင်း ဖြစ်လာ၏...

Additional Heritage [Myanmar Translation]Where stories live. Discover now