Chapter 87

11.6K 1.9K 425
                                    


[Unicode]

Friendly reminder -

စိတ်အေးဆေးလေးရှိနေတဲ့အချိန် ငါးပိုင်းလုံး(87-910 တစ်ဆက်တည်းဖတ်ရင် ပိုပြီး ခံစားလို့ကောင်းမှာပါ။

ကိုယ်ပျောက်နေတဲ့ ဒီကြားထဲ ဟော့ဒီ့ငါးပိုင်းနဲ့ပဲ အချိန်ကုန်နေခဲ့တာ။ သေချာလေးခံစားဖတ်ပေးရင် အများကြီး ပျော်မိမှာပါ။

ကြာသွားတဲ့အတွက်လည်း Gomen! T T နားလည်ပေးကြလို့လည်း ရှဲ့ရှဲ့

Enjoy~~~

.....


Chapter 87

အိမ်ကနေ မထွက်ခင် ဝမ်းရှောင်ဟွေး မိတ်ကပ်နည်းနည်းလိမ်းလိုက်သည်။ သူ့စိတ်ထဲ ဘယ်လိုဖြစ်လို့ရယ်မသိ အင်္ကျီကိုလည်း အသစ်ပြန်ဝင်လဲပြီး အလှဆုံး ပြင်ဆင်မိသည်။

အကုန် အဆင်သင့် ပြင်ဆင်ပြီးချိန်မှာတော့ သူ့ကိုယ်သူကြည့်ရင်း ရယ်မိ၏. . . အကယ်၍များ သူ ဟိုဘော်ဒီဂတ်ကောင်ကို တကယ်ကြီး ဓားနဲ့ ဇွက်ဇွက်ဇွက်ဖြစ်ခဲ့ရင် သူ့မျက်နှာလေးက သတင်းထဲ ပါလာမှာ။ တိုင်းသိပြည်သိဖြစ်မယ်ဆိုမှတော့ ကိုယ့်imageအတိုင်း လှလှပပလေး ပါသွားမှပေါ့။

သူ အကျအန ဝတ်စားထားတာတွေ့တော့ သူ့အမေက သူ့ကို dateသွားလုပ်မယ်ထင်ပြီး အလှပကေး သားတော်မောင်လေးကိုကြည့်ကာ တခွီခွီ့နှင့် သဘောတော်ကျနေ၏။

ဝမ်းရှောင်ဟွေး သူ့အမေနားသွား၊ တစ်ချက် ငုံ့နမ်းပြီးမှ မျက်နှာမှာ အပြုံးတစ်ပွင့် ချိတ်ဆွဲလျက်အတိုင်း အိမ်ထဲက ထွက်ခဲ့သည်။

ထိုအပြုံးသည် သူ အိမ်ထဲက ထွက်လို့ အပြင်ရောက်တာနှင့် ချက်ချင်း မျက်နှာပေါ်မှ ပျောက်သွား၏။ ဓားကို လက်ထဲမှာအသင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဦးတည်ရာဆီ မောင်းထွက်ခဲ့တော့သည်။

သူ ကော်ဖီဆိုင်ရောက်သွားတော့ ဟိုဘော်ဒီဂတ်က ရောက်နှင့်နေပြီး ဆိုင်မှန်နံရံဘက် ထောင့်ဆုံး စားပွဲမှာ ထိုင်စောင့်နေသည်။ ဝမ်းရှောင်ဟွေးလည်း လျှောက်သွားပြီး မျက်နှာချင်းဆိုင် ခုံကို ဆွဲလိုက်သည်။

Additional Heritage [Myanmar Translation]Where stories live. Discover now