Chapter 35

16.5K 2.5K 688
                                    


Scroll down for Unicode.


[ Zawgyi ]


Chapter 35 - Luo Yi looked at his back, his expression was cold almost instantly


လော့ရိ သူ့နောက်ကျောကိုစိုက်ကြည့်နေပြီး သူ့မျက်နှာအမူအရာတို့က ချက်ချင်းဆိုသလိုအေးစက်လို့သွားသည်။


[Friendly Reminder: ဒီတစ်ပိုင်းက အေးအေးဆေးဆေးလေး အချိန်ပေးပြီးမှဖတ်တာပိုကောင်းလောက်မယ်ထင်ပါတယ်]


ဆစ်ဒနီ့ရှေ့မှာ တဖန်ထိုင်လို့နေရပြန်ပြီ....

ဝမ်းရှောင်ဟွေး ပြင်ဆင်မှုအချို့ကို စိတ်ထဲမှာကြိုပြင်လာသည်။ တစ်ချက်ကြည့်လိုက်တာနှင့်တင် ဆစ်ဒနီတစ်ယောက် အနည်းငယ်သက်တောင့်သက်သာမရှိဖြစ်နေတာ မြင်ရသည်။ စိတ်လှုပ်ရှားနေတာသူတစ်ယောက်ထည်းမဟုတ်ဘူးပဲ။ သူ့ရင်ထဲ တော်တော်တော်လေးစိတ်ထဲထိသွားရသည်။ တစ်ချိန်တစ်ခါတုန်းက သူနှင့်ဆစ်ဒနီတို့အရမ်းကိုရင်းနီးခဲ့ကြသည်။ အကယ်၍များ ထိုအခြေအနေတို့သာ မဖြစ်ပျက်ခဲ့ရင်. . .

ဆစ်ဒနီက မေးရိုးထင်းထင်းနှင့်ကြည့်ကောင်းနေသည်။ သူမ မျက်နှာကိုfillerထိုးထားမှန်း ဝမ်းရှောင်ဟွေး တစ်ချက်ကြည့်လိုက်ရုံနှင့်ပြောနိုင်သည်။ လုပ်နေကျအတိုင်းပဲ သူ ဆစ်ဒနီ့ကို မြှောက်ပင့်စကားတို့ဖြင့် အမွှမ်းတင်လိုက်သည်။ ဆစ်ဒနီက ပြုံးလို့နေပြီး နှစ်ယောက်သား အခြေအနေအရပ်အရပ်နှင့်ပတ်သက်လို့ စကားစမြည်ပြောဖြစ်ကြသည်။ ဒါပေမဲ့ စိတ်မပါသလိုလို...ဖက်လဲတကင်းမရှိနေ။ မမြင်နိုင်တဲ့နံရံကြီးတစ်ခုက သူ့တို့နှစ်ယောက်အကြား ဝင်ရောက်ကာဆီးလို့ထားသည်...ဘယ်သူမှ ဒီနံရံကို မကျော်လွား၊မဖြတ်ကျော်နိုင်။

အတော်ကြာကြာစကားပြောနေပြီးနောက် ပြောလိုရင်းအကြောင်းအရာဆီ ချင်းနင်းစတင်ဖို့ရာအချိန်ကျပြီဟု ခံစားမိတာကြောင့် စိတ်ကိုပြင်ဆင်ကာ မေးလိုက်သည်

"ဆစ်ဒနီကျဲကျဲ၊ အဲ့ကိစ္စက ကျဲကျဲကို ဘာအနှောင့်အယှက်မှမပေးဘူးမလား?"

Additional Heritage [Myanmar Translation]Where stories live. Discover now