Chapter 27

15.8K 2.7K 590
                                    


[ Zawgyi ]


Chapter 27 - He is an accountant and he has a firm in the capital


သူက စာရင်းကိုင်လေ၊ မြို့ထဲမှာ သူ့ကုမ္ပဏီရှိတယ်


ဝမ်းရှောင်ဟွေး ထိုပုံရိပ်လေးနားဆီသို့ချည်းကပ်ဖို့ရာ အကခန်းမထဲကလူအုပ်ကြီးကို ပြန်တိုးရပြန်သည်။

ထိုလူကြီးက bartender(ဘားတန်ဒါ၊ အရက်စပ်ပေးသူအဖျော်ဆရာ)ကိုအချက်ပြကာ ခေါ်လိုက်ပြီး တစ်ခုခုပြောလိုက်သည်။ Bartenderက ဗီရိုထဲက ဝိုင်တစ်ပုလင်းထုတ်လာပေးသည်။ ဝိုင်ပုလင်း သူ့ရှေ့ရောက်တာနှင့် ကောက်မလိုက်သည်။ သူ့ရဲ့ သွယ်လှလှတဲ့လက်ချောင်းလေးတွေက ရှုပ်ယှက်ခက်ဘားတစ်နေရာရဲ့ မှိန်ပြပြမီးရောင်အောက်မှာ အလွန့်အလွန်ကို ဖြူအုသန့်ရှင်းလို့နေသည်။ မျက်နှာကတော့ တောက်လျှောက်ဟိုဖက်ကိုဘဲလှည့်ထားမြဲ။ အနှီမျက်နှာလေးကို မြန်မြန်တွေ့ချင်လှပြီ။

နောက်ဆုံးတော့ ခဲရာခဲဆစ်နှင့် ထိုလူရဲ့ ဘေးတစ်စောင်းမျက်နှာလေးကိုတွေ့ရပေပြီ။ ဝမ်းရှောင်ဟွေး ဘားဆီသို့ လျှောက်သွားကာ သတိမပြုမိသယောင်ဆောင်ပြီး bartenderဆီကနေ ဝိုင်ခွက်တစ်ခွက်တောင်းလိုက်သည်။ နောက်မှာကနေတဲ့တစ်ယောက်က သူ့နောက်ကျောကိုတံတောင်နှင့်တိုက်မိလိုက်သည်။ သူ ရှေ့ကို ချော်ထွက်သွားကာ ထိုနောက်ကျောလေးကို "အင့်"ခနဲ ဝင်ဆောင့်မိလိုက်သည်။

တိုက်မိလိုက်တဲ့အသံကြားလိုက်ရတော့ ဝမ်းရှောင်ဟွေး ဖျတ်ဆို နားကွက်ကမီးတောက်လာပေမဲ့ နှမြောဖို့ကောင်းသည်မှာတော့ သူ ထိုလူ့နောက်စိကိုနမ်းလိုက်မိလေသည်။

" ဟေ့၊ Sorry Sorry "

တံတောင်နဲ့တွတ်လိုက်တဲ့လူက သူ့ကို လှည့်ပြီးတောင်းပန်လာသည်။

ဝမ်းရှောင်ဟွေး ကိုးယို့ကားယားဖြစ်နေတုန်း အနောက်ကသခင်ကြီးက မျက်နှာလှည့်လို့လာသည်။

ဝမ်းရှောင်ဟွေး ရုတ်တရက် အသက်ရှူမှားရတော့သည်။

ငါ... -ိုး၊ စောက်ရမ်းချောတယ်! ဝမ်းရှောင်ဟွေး ရင်ထဲမှာ အော်ဟစ်သောင်းကျန်းနေမိသည်။

Additional Heritage [Myanmar Translation]Where stories live. Discover now