Chapter 63

14.4K 2.3K 786
                                    


[Unicode]

Chapter 63 - "LuoYi, I hate you"

"လော့ရိ၊ ငါ မင်းကို မုန်းတယ်"

မေ့ဆေးပြယ်ချိန်မှာတော့ ဝမ်းရှောင်ဟွေး နိုးလာခဲ့သည်။ ပြင်းထန်လွန်းလှသည့် နာကျင်မှုတို့က သူ့အား နှောင့်ယှက်လျက်ရှိဆဲ သို့ပေမဲ့ သူ မျက်လုံးတော့ အနည်းငယ် ဖွင့်လို့ရသည်။

အမြင်အာရုံအား နှောက်ယှက်လာသော ဖြူလွှလွှ ပုံရိပ်မြူခိုးတို့ လွင့်ပြယ်သွားချိန်မှာတော့ သူ ဆေးရုံမှာရှိနေကြောင်း သိလိုက်သည်။

ငါ နှာခေါင်းခွဲစိတ်မှု လုပ်ခဲ့ရတာလား? အလှပျက်သွားပြီလား?... သို့နှင့် လက်က နှာခေါင်းဆီ အလိုလို ရောက်သွားသည်။

ရုတ်တရက် လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလာသည်၊ လှည့်ကြည့်လိုက်တော့ သူ မျက်ရည်လည်ရွဲနှင့်လော့ယွဲ့မျက်နှာလေးကို တွေ့လိုက်ရ၏။

လော့ယွဲ့က ရှိုက်ကာ ပြောသည် "ခွဲစိတ်မှုက အခုမှ ပြီးထားကာစလေ၊ မကိုင်နဲ့ဦး"

ဝမ်းရှောင်ဟွေး၏ မျက်လုံးအိမ်နှစ်ဖက်တွင် မျက်ရည်ကြည်တို့ ခိုဥလာကာ မျက်သားတို့ ကျိန်းစပ်လာ၏။

လော့ယွဲ့က သူ့ခေါင်းကို ပွတ်သပ်ပေးကာ "မငိုနဲ့၊ ပိုးဝင်လွယ်တယ်"

ဝမ်းရှောင်ဟွေး လှဲနေရာက အားယူကာ ထထိုင်၊ လော့ယွဲ့ကို မျက်ရည်အဝိုင်းသားနှင့်ကြည့်ပြီး အသက်မဲ့စွာ ပြော၏ "ငါ့နှာခေါင်းဘာဖြစ်တာလဲ... ငါ့နှာခေါင်းလေးဘာဖြစ်သွားပြီလဲ"

"မစိုးရိမ်နဲ့ ပေါင်ပေ့၊ နှာခေါင်းရိုးက ပြန်ဆက်တယ်။ ပြန်ဆက်သွားပြီးရင် မင်း အရင်အတိုင်းလေးပဲ ပြန်ဖြစ်မှာ"

ဝမ်းရှောင်ဟွေး ရှိုက်ငိုကာ "တကယ်?... တကယ်နော်?"

"တကယ် တကယ်ကြီး" လော့ယွဲ့က သူမယုံမှာစိုးပြီး ခေါင်းကို ကြက်ကလေး အစာကောက်သလို အသားကုန် ညိတ်ပြ၏ "ဆရာဝန်ကြီးကိုယ်တိုင်ပြောသွားတာ၊ အရိုးက ကျိုးသွားလဲ ကိစ္စမရှိဘူး၊ သူက အရေထူတယ်၊ မင်းဆို ထင်ထားတာထက်ကို ပိုမြန်မြန် ပြန်ဆက်သွားမှာတဲ့။ စိတ်မပူနဲ့ အဆင်ပြေတယ်"

Additional Heritage [Myanmar Translation]Where stories live. Discover now