Chapter 107 [One and Only Extra of FuJiaYiChan]

17.5K 1.8K 396
                                    


[Unicode]

Chapter 107


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"မင်း ငါဖြစ်ချင်တာ အကုန် လိုက်လျောပေးမယ်ဆို?" ဝမ်းရှောင်ဟွေး နှုတ်ခမ်းစူလို့ လော့ရိကို မကျေမနပ်နှင့်ကြည့်၏။

လော့ရိက အပြုံးလေးဆင်လျက် တုံ့ပြန်သည် "ကောကို ထိခိုက်စေတာမျိုး မဟုတ်သရွေ့"

"ငါ့မေမေလေးရယ် အစ်ကိုလီရယ်နဲ့ စားသောက်ဆိုင်စပ်တူဖွင့်မယ်ဆိုတဲ့ကိစ္စက ငါ့ကို ဘယ်နေရာများ ထိခိုက်လို့လဲ? ဘာလဲ...မင်းက ငါ အဆီပိတ်ပုံပျက်သွားမှာစိုးတာမလား"

"ကောတို့ သုံးယောက်လုံးမှာ စားသောက်ဆိုင်ဖွင့်ဖူးတဲ့ အတွေ့အကြုံမှမရှိတာ။ လော့ယွဲ့ကလည်း ကိတ်မုန့်ဆိုင်ပဲဖွင့်ဖူးတာလေ... တကယ် အစားအသောက် တည့်ခင်းဝန်ဆောင်မှုပေးတဲ့အပိုင်းနဲ့က လုံးဝအစိမ်းသက်သက်။ ဒီ စပ်တူလုပ်မဲ့ကိစ္စက မျက်စိစုံမှတ် ငွေပုံအောလိုက်ရအောင်လောက်အောင် အနေအထားမှမဟုတ်ပဲ"

"အတွေ့အကြုံရင့်ရင့် မန်နေဂျာတွေကို အစ်ကိုလီ ရှာခန့်နိုင်ပါတယ်။ နောက်ပြီး စားဖိုချုပ်နေရာခန့်မဲ့ ဂျပန်စားဖိုမှူးကြီးကလည်း ကုန်ကြမ်းပိုင်းတင်သွင်းတဲ့နေရာထိ လက်တံရှည်တဲ့လူမျိုး"

လော့ရိက သူ့ပါးစပ်နား ချယ်ရီလုံးလေး တေ့ပေးလာသည်။ မျက်နှာထက်မှာလည်း အပြုံးသည်ကား ချိတ်ဆွဲမြဲ... "အောင်မြင်ပါမယ်လို့ အာမမခံနိုင်ဘူးလေ"

"ဒီလောက်အနေအထားကို ဘာတွေ အာမမခံနိုင်နေသေးတာလဲ!" ဝမ်းရှောင်ဟွေးတစ်ယောက် ခြေချထိုင်နေရင်းကနေ ဆိုဖာပေါ် ဆောင့်ကြောင့်တွေထိုင်၊ ခြေတဆောင့်ဆောင့် ဖင်တဆောင့်ဆောင့်နှင့်

Additional Heritage [Myanmar Translation]Where stories live. Discover now