Chapter 49

18.6K 2.3K 693
                                    

Scroll down for Unicode.

[Zawgyi]

Chapter 49 - "As a result, you bend..."

"အကျိုးဆက်အနေနဲ့ကတော့ မင်း ကွေးပြီ..."

လော့ရိက သူ့မျက်နှာကို ညင်ညင်သာသာ ဆွဲဖျစ်ကာ

"မှတ်မိပြီလား"

ဝမ်းရှောင်ဟွေးမျက်နှာက နီရဲတက်လာပြီး ထိုမှတဆင့် မှုန်ကုပ်အုပ်မှိုင်းလို့သွား၏။ သူ တုန်တုန်ယင်ယင်နှင့် လော့ရိကို လက်ညှိုးထိုးပြီး

"အင်း...မင်းပဲ..."

"သေချာပေါက် ကျွန်တော်ပေါ့၊ အခြားယောက်ျားတစ်ယောက်ယောက်က ကောကို ထိတာကို ကျွန်တော် ဘယ်လိုလုပ် ခွင့်ပြုနိုင်ရမှာလဲ"

ဝမ်းရှောင်ဟွေး နှလုံးသားတစ်စုံကို ကာဆီးထားသည့် စည်းဘောင်တို့မှာ ကျိုးပျက်လို့သွားပြီး သူ့ရင်ကို ထိုးစိုက်လာတော့သည်။ အသိမှတ်ဉာဏ်တို့ထဲ အစိတ်စိတ်အပိုင်းပိုင်း ပြန့်ကျဲတည်ရှိနေသည့် ပုံရိပ်တို့မှာ ချက်ချင်းဆိုသလို တစ်စုတစ်စည်းထဲ ပေါင်းစည်းလို့သွား၏။ တကယ်က...တကယ်က...လော့ရိ ရောက်ချလာတာ၊ ဒါပေမဲ့ သူ အရက်မသောက်ခင်ရော မူးပြီးနောက်ပိုင်းရော လီရှော့မျက်နှာကြီးကိုပဲ မြင်ထားရတော့ လီရှော့လို့ပဲ တွေးမိလိုက်တာပေါ့...

"ငလူး!"

ဝမ်းရှောင်ဟွေး ဆဲလိုက်ပြီး လော့ရိ့ ပခုံးတစ်ဝိုက်ကို တဗုန်းဗုန်း ထုတော့သည်။ ဝမ်းရှောင်ဟွေး၏ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်တို့မှာ အားတစ်ချက် လျော့မသွား၊ စိတ်ပြေလာမည့်ဟန်မရှိတာကို သတိထားမိတော့မှ လော့ရိ မျက်နှာတစ်ချက်ပြောင်းသွားသည်။ ဝမ်းရှောင်ဟွေး အတင်းရုန်းကာ လော့ရိကို တွန်းထုတ်လိုက်ပြီး မတ်တပ်ထ အော်တော့သည်

"လော့ရိ စောက်ရူးကောင်၊ မင်း ငါ့ကို တစ်နေ့နဲ့တစ်ညလုံး နေရထိုင်ရ မသက်မသာ ခံစားနေရအောင် လုပ်ပြီး ထားပစ်ခဲ့တယ်။ ငါ့စောက်တွေးထဲမှာ လီရှော့နဲ့ ငါ အရက်မူးပြီး ဟိုဟာဖြစ်သွားကြတယ်ပဲ တွေးမိတာပေါ့။ ငါ...ငါ့ဟာငါ ဘာဖြစ်လို့ဖြစ်သွားမှန်းတောင်မသိဘူး...မင်း...အရူး"

ဝမ်းရှောင်ဟွေး သူ ပြောရင်းပြောရင်းနှင့် အဲ့အကြောင်းတွေးမိလေလေ မခံမရပ်နိုင်အောင် မကျေမချမ်းဖြစ်လာပြီး အသံက ငိုသံပေါက်လာသည်။

Additional Heritage [Myanmar Translation]Where stories live. Discover now