Chapter 71
အအေးဒဏ်ကိုအံတုဖို့ရာ တိဘက်ရိုးရာအသားဟင်းလျာများအား မှီဝဲရသော ဆောင်းချိန်ခါ... Gymမှာ လူအလာ သိသိသာသာနည်းနေချိန်မှာပင် ဝမ်းရှောင်ဟွေးတစ်ယောက်ကတော့ ထူးထူးဆန်းဆန်း နေတိုင်းသွားဖြစ်နေသည်။ Gymကဝန်ထမ်းတိုင်းက သူ့အား သိနေကြပြီ။
ဝမ်းရှောင်ဟွေး နားကြပ်တပ်၊ ရေဘူးကိုင်လျက် အပြေးစက်ဆီ လျှောက်သွားသည်။ ကြွက်သားတောင့်တောင့် အမျိုးသားကောင်းတစ်ယောက် သူ့နားလျှောက်လာပြီး သူ့ဖင်ကိုညှစ်ကာ "ဝိုး၊ ဆိုးခရု"
ဝမ်းရှောင်ဟွေး မျက်စောင်းထိုးလိုက်ပြီး "ကောင်မစုတ်၊ ထပ်ကိုင်ရင် ငါ အသေလိုက်သတ်မှာနော်"
ဒီလူကတော့ သူ့personal trainer တျန်းတျန်းဖြစ်သည်။ အရပ်က 180cm၊ ကြွက်သား အမြှောင်းမြှောင်း တောင့်တောင့်ဖြောင့်ဖြောင့်ပုံကြီးပေမဲ့ နှလုံးသားလေးကတော့ နုနုနယ်နယ် ပန်းရောင်ခြယ်။
တျန်းတျန်းက ပြုံးပြီးပြောသည် "ငါ ငါ့လုပ်ဆောင်မှုရဲ့ရလဒ်လေးကို စစ်ဆေးရမယ်လေ၊ အသာတကြည်ခံစမ်းပါ"
ဝမ်းရှောင်ဟွေး ခါးလေးလိမ်လိုက်ပြီး ပြောသည် "8ပေါင်တော့ကျသွားပြီ၊ ငါ့goalရောက်ဖို့ ၅ပေါင်လိုသေးတယ်"
တျန်းတျန်းက နဖူးကို လက်ဖြင့်ဖိကာ ခေါင်းခါပြီး "ကိုယ်အလေးချိန်ကိုဂရုမစိုက်ပါနဲ့တော့လို့ ငါ မင်းကိုပြောတာ ဘယ်နှစ်ခါရှိပြီလဲ။ အရေးအကြီးဆုံးက ကောက်ကြောင်းပဲ၊ အချိုးအစားပဲလို့! ဆေးခြောက်ပင်မြစ်လို ပါးလျှလျှကောက်ကြောင်းလေးက perfect zeroပဲ။ ခါးကောင်းကောင်း ခြေတံသွယ်သွယ်၊ တင်မြင့်မြင့်လေး။ ဟုတ်ပြီလား"
ဝမ်းရှောင်ဟွေး မျက်ဆန်လှန်လိုက်ပြီး "မင်းလိုလား?"
တျန်းတျန်းက ဂုဏ်ဆာလျက် မျက်နှာကိုချီကာ "အဟုတ်ပဲ၊ ငါ့လိုမျိုးလေးပေါ့"
"ဒါနဲ့များ မင်း ဘာလို့ ညာလက်ပဲသုံးနေသေးလဲ"
"သေလေ!" တျန်းတျန်းက အော်သည် "ဘက်လက်လဲ တစ်ခါတစ်လေ သုံးပါတယ်"
ဝမ်းရှောင်ဟွေး သူ့ကို အဖက်လုပ်မနေတော့ဘဲ သွေးပူလေ့ကျင့်ခန်း စလိုက်သည်။