Chapter 72

15.9K 2.4K 915
                                    


[Unicode]

Chapter 72


"ဘာမှမထူးသေးဘူးလား" မှိန်ပြပြအခန်းတွင်း မှောင်ရိပ်ကျသောအခန်းထောင့်တွင် ထိုင်နေသော လူတစ်ယောက်... အသံမှာ တိုးရှမှိုင်းညို့လျက် တစ်သက်မပျော်မည့်ရေခဲလွှာ လွှမ်းထုပ်ထားသည်အလား။

"ကောက်ချက်ချလို့ရနိုင်တာဆိုလို့ သူ တောင်ဘက်ပိုင်းထွက်သွားတယ်ဆိုတာပဲရှိတယ်" ချိုင်ဟိုင်က ဆိုဖာရှေ့မှာမတ်တပ်၊ လက်တစ်ဖက်က သူ့လက်ပတ်နာရီကို ကိုင်နေပွတ်သပ်နေသည်၊ သူ့ ကကျိုးကကြောင်အပြုအမူတို့သည် သူ၏စိတ်လှုပ်ရှားမှုတို့အား အတိုင်းသားဖော်ပြလျက်ရှိ၏။ နဖူးမှာ ချွေးစေးတို့ အဆက်မပျက်စို့လို့၊ နားသယ်စပ်မှာလည်း အသီးလိုက် အသီးလိုက် တတောက်တောက်ကျနေသည်။

"ဒါကရောအဖြေလို့ခေါ်လား" ရုတ်တရက်လေသံမြှင့်ပြောလာသည်က လူကို သိမ့်ခနဲတုန်တက်သွားစေသည်။

ချိုင်ဟိုင် သူ့ဟာသူတောင်သတိမထားမိပါဘဲ နောက်ကို ခြေတစ်လှမ်းဆုတ်သွားမိသည်... "လော့ရိ၊ ငါ အတတ်နိုင်ဆုံး ကြိုးစားပေးနေတယ်။ အခု လီရှော့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ပတ်သက်ရာတွေကို စ စုံစမ်းနေပြီ... ခြေရာဖျောက်ဖို့ဆို ခြေရာလက်ရာရှင်းရအောင် လူတော့ငှားထားမှာပဲ၊ ငါ့ကို အချိန်နည်းနည်းပေး... ငါ သူတို့ကို ရှာတွေ့နိုင်စေရမယ်"

"အချိန်ဘယ်လောက်ယူချင်တာလဲ? ခင်ဗျားက ဒီလိုနေရာမှာ ကျွမ်းကျင်တယ်မဟုတ်လား" လော့ရိက မတ်တပ်ထလာသည်... သူ့မျက်လုံးတို့တွင် အေးစက်ရင့်သီးမှုအငွေ့အသက်တို့ တောက်လို့၊ တစ်ကိုယ်လုံးမှာ ရောင်ဝါများ လွှမ်းတက်လာလျက်။

"ငါ့မှာလည်းငါ့အလျှောက် အကန့်အသတ်ရှိလာတဲ့အပိုင်းတွေ အများကြီးပဲ၊ ငါ့ကို ရှေ့နေများအစည်းအရုံးက စုံစမ်းနေကြပြီ။ ဒီအချိန်မှာ ငါ အရမ်းကြီးမလှုပ်နိုင်သေးဘူး။ မင်းလည်းမင်းကိစ္စတွေနဲ့မင်း အတူတူပဲမလား၊ ချန်းရှင်းက တန်ပြန်တိုက်စစ်ဆင်ဖို့ ပြင်ဆင်နေပြီ။ ဒီလိုအချိန်မှာ မင်းက အဲ့အတွက် တန်ပြန်ရေးအစီအမံကိစ္စ ခေါင်းထဲမထည့်ချင်နေဘဲ လူတစ်ယောက်ကိုရှာဖို့အတွက်လေးနဲ့ အချိန်တွေအင်အားတွေဖြုန်းပစ်နေတယ်၊ မင်း ရူးနေလား?!"

Additional Heritage [Myanmar Translation]Where stories live. Discover now