Chapter 48.2

15.8K 2.4K 161
                                    

Scroll down for Unicode.

[Zawgyi]

"ကျွန်တော် အခု ကောကို တကယ် တကယ် နမ်းရှုပ်ချင်မိတယ်၊ တကယ်ပါ ကျွန်တော် ကောကို ဖက်ထားချင်မိတယ်"

ဝမ်းရှောင်ဟွေးတစ်ယောက် မျက်နှာတွေ ပူကျစ်လာတော့သည်။ လော့ရိက သူထင်ထားသလို ရှက်နေပြုနေတာမျိုးမရှိ၊ အတော်လေး ရဲတင်းသည်ဟုပြောလို့ရသည်။ သူ ဘယ်လိုပြန်ပြီးတုံ့ပြန်ရမည်မသိ၊ တုံ့ပြန်စကားဆိုနိုင်ဖို့ရာ ဝန်လေးတွန့်ဆုတ်နေမိသည်။ လော့ရိက ကြင်နာညှို့ရီပြလေလေ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ခံစားနေရသည့် စိတ်မလုံမှုတို့က ပိုလို့တိုးလာလေပင်။

လော့ရိက သူ့ကို ကောင်းကောင်းအနားယူဖို့ပြောပြီး ဖုန်းချသွားသည်။

ဝမ်းရှောင်ဟွေးမှာ ဒီလောက်လေးစကားပြောလိုက်ရတာကကို သူ ဒီနေ့တစ်နေ့လုံး ပြန်လည်သိုဆည်းထားရသည့် အားအင်တို့အားလုံး ကုန်ဆုံးလို့သွားသလိုခံစားရ၏။ သူ အိပ်ရာပေါ် ခြေပစ်လက်ပစ်လှဲချလိုက်သည်။ သူ့ရင်ထဲမှာလည်း နောင်တရဝမ်းနည်းမှု စိတ်မသက်မသာဖြစ်ရမှုတို့ တင်းပြည့်လို့နေသည်။

နောက်နေ့မှာတော့ ဝမ်းရှောင်ဟွေး တစ်ကိုယ်လုံးမသက်မသာဖြစ်နေသည့်ကြားကပဲ အလုပ်သို့ဦးတည်ခဲ့သည်။ သူတို့အလုပ်မျိုးမှာက ပိတ်ရက်ရယ်လို့ ပုံသေမရှိ၊ စနေတနင်္ဂနွေရုံးပိတ်ရက်လိုပုံစံလည်းလည်းမရှိ၊ သူ နှစ်ရက်ဆက်တိုက် အလုပ်ပျက်ထားပြီးဆိုတော့ ဒီနေ့မှမသွားရင် မကောင်းတော့။

အလုပ်ခန်းထဲမှအနေအထားကတော့ ဝမ်းရှောင်ဟွေးတစ်ယောက် အလုပ်မှာရှိနေတဲ့တစ်နေကုန် လူက နွမ်းလျနှုန်းခွေလို့နေသည်၊ မျက်နှာကလည်းမကောင်း။ လျိုရှင်းက သူနေမကောင်းဘူးလို့ထင်သွားပြီး ပြန်နားဖို့ပြောလာသည်။ သူလည်း တကယ်ကိုဆက်မနေနိုင်တော့သည်ကြောင့် သူ လော့ရိကိုဖုန်းဆက်ပြီး သူ့ကိုလာကြိုဖို့မလိုတော့ကြောင်း အကျိုးသင့်အကြောင်းသင့်ပြောကာ သူ့ဟာသူပဲ လော့ရိ့အိမ်သို့ တိုက်စီငှားသွားလိုက်သည်။

အမြဲတွေ့နေရတဲ့မျက်နှာကို သူ အခု ဘယ်လိုရင်ဆိုင်ရမလဲ?

လော့ရိအိမ်ကိုရောက်သွားတော့ သူ့အကြည့်အာရုံတို့က သူပေးထားသည့်စက်ဘီးဆီ ဖျက်ခနဲရောက်ရှိသွားသည်။ အရင် လော့ရိ့စီးနေကျစက်ဘီးနှင့်အတူထားထားပေမဲ့ သူပေးထားသည့်စက်ဘီးကိုတော့ သော့ကြိုးခတ်ထား၏။

Additional Heritage [Myanmar Translation]Where stories live. Discover now