Chapter - 96 ( ☃️❄️🌚🚨 )

21.4K 2K 208
                                    

#Unicode

' ယနေ့ ရာသီဥတုတိုင်းထွာချက်အရ နိုင်ငံအတွင်း အအေးပိုပြီး နေရာကွက်ကြား နှင်းမိုးများရွာမည်ဖြစ်၍ ပြည်သူများအနေနဲ့ အိမ်ပြင်မထွက်ဖို့ မေတ္တာရပ်ခံအပ်ပါတယ် … အိမ်ထဲမှာပဲနွေးနွေးထွေးထွေးနေကြပါ … ခရစ္စမတ်လေးကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ကြပါစေရှင့် "

TV သတင်းအဆုံး၌ မင်းယွီပစ္စည်းများထည့်သိမ်းနေမှုကို ရပ်တန့်လိုက်မိတယ် … ဖန်းဂူနဲ့လုယီလေးဟာ မနက်ဖြန် ခရစ်စမတ်အတွက် ခြံရှေ့မှာ မီးလုံးအလှဆင်ရာ၌ ရှိနေပြီး မင်းယွီကတော့ ထွက်ခွာဖို့ အထုပ်ပြင်နေခြင်းပင် … ရာသီဥတုသတင်းက မှန်ကန်နေ၏ … ယနေ့မနက်မိုးလင်းကတည်းက နေလုံးဝမမြင်ရပဲ ပတ်ဝန်းကျင်က အုံ့မှိုင်းနေပြီး အိမ်ထဲမှာအပူပေးစက်ဖွင့်ထားတာတောင်မှ  ချမ်းနေဆဲ …

" တီ … တီ … တီ "

ထိုစဉ် ဖုန်းကောတစ်ခုဝင်လာတယ် … ခေါ်နေသူကတော့ ယာရှာပင် …

" ယာရှာ "

" မင်းယွီ … နင်ဒီနေ့သွားမှာကို ဘာကြောင့်ငါ့ကိုမပြောတာလဲ "

" နင့်ကို ဒုက္ခမပေးချင်လို့ပါ "

" ခု ရာသီဥတုကြောင့် လေလိုင်းတွေပိတ်လိုက်ပြီ … နင်ဘာဆက်လုပ်မှာလဲ "

မင်းယွီလဲထိုအရာကို စဉ်းစားနေဆဲပင် … သူမကအသိမိတ်ဆွေများလွန်း၍ သိသွားတာမဆန်းပါဘူး … လေယာဉ်လိုင်းပိတ်လိုက်၍ ခရီးသည်စရင်းထွက်လာတော့ မင်းယွီပါနေသည်ကိုသိသွားပြီး ချက်ချင်းဆက်သွယ်လိုက်ခြင်းပင် … မင်းယွီအစက လေဆိပ်ကနေ Kမြို့ကို ဘယ်သူ့အကူအညီမှမယူပဲ သွားဖို့စီစဉ်ထားပေမဲ့ ခုတော့ သူတစ်ယောက်ထည်း ္ဒလုပ်ဆောင်၍မရတော့ဘူး … နောက်ဆုံး ယာရှာရဲ့အကူအညီကိုယူဖို့ဆုံးဖြတ်လိုက်တယ် …

" ငါဒီညပဲသွားချင်တယ် … ဘယ်လိုလုပ်ရမလဲ "

" နင့်ဘက်ကသေချာရင် ကျန်တာငါ့တာဝန်ထား … နင့်အတွက် ထွက်ခွာဖို့စီစဉ်ပေးမယ် … နင် ဘယ်အချိန်ထွက်လာမှာလဲ "

မင်းယွီပြတင်းပေါက်ကနေတဆင့် ခြံထဲ၌ မီးလုံးအလှဆင်နေကြသည့် ဖန်းဂူတို့သားအဖကို ငေးကြည့်နေရင်းမှ ယာရှာအမေးအား ပြန်ဖြေလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now