Chapter - 14

43.6K 4.6K 277
                                    

#Unicode

ဒီနေ့ရဲ့ မနက်စာစားချိန်က ပုံမှန်ထက်တိတ်ဆိတ်နေပြီး ဖန်းဂူက စားပွဲရဲ့ထိပ်မှာ ထိုင်နေကာ မင်းယွီနဲ့ အန်းရက်ဒီက မျက်နှာချင်ဆိုင်လျှက် ရှန်ဝေနဲ့ ချူးရှန့်က မျက်နှာခြင်းဆိုင်လျှက် ဖန်းဂူအနောက်မှာ ချူးဖိုးဖိုးရပ်နေတယ် ...

ဖန်းဂူပုံစံက တစ်စုံတစ်ခုကို အလိုမကျသလို တခါတရံ မင်းယွီကိုကြည့်နေတတ်ပြီး ဘာစကားမှဆိုမလာပြန်ဘူး ... ထိုတိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက ချူးရှန့်ပင် ...

" သခင်လေး ...

အချိန်ရရင် ကျွန်တော် အရေးတကြီးဆွေးနွေးစရာ ရှိတယ် "

ဖန်းဂူက အငွှေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ကိုချလိုက်ပြီး ...

" ပြော "

ထိုသို့မိန့်လာတော့ ချူးရှန့်က အန်းရက်ဒီကိုတချက်ကြည့်လိုက်တယ် ... သူမကလဲထသွားမည့်ပုံမပေါ်တာမို့ စိန်တွေအကြောင်းကိုမပြောပဲ အလုပ်ကိစ္စကိုပဲ တင်ပြလိုက်တယ် ...

" ကျွန်တာ်တို့ ဒီရက်ထဲ တင်သွင်းရမဲ့လက်နက်အမျိုးအစား ၃ မျိုးရှိပြီးတော့ သင်္ဘော ၃ စီးစီစဉ်ပြီးပြီ ...

ဒါပေမဲ့ မြောက်ပိုင်းနယ်စပ်က စစ်တပ်ကို ပို့ပေးရမှာကို အဲ့ဒိနယ်မြေက ကုန်သည်တချို့ သတင်ရရှိသွားတယ် ...

သူတို့က သခင်ကို နာမည်ဖျက်ဖို့အတွက် လမ်းတစ်ဝက်ကနေစောင့်ပြီး ခြုံခိုတိုက်လိမ့်မယ်လို့ သတင်းရရှိထားတယ် "

ဖန်းဂူ ဘာပြောင်းလဲမှုမှမရှိပဲ ချူးရှန့်တင်ပြမှုတွေကို နားထောင်နေလိုက်တယ် ... မင်းယွီတစ်ယောက် သူတို့ပြောစကားတွေကို နားမလည်ပေမဲ့လဲ လက်နက်ဆိုတဲ့အသံလဲကြားရော ကြောက်လန့်သွားပုံက သူ့မျက်နှာမှာအထင်းသား ... ဖန်းဂူက ထိုအရာကိုမြင်တော့ မျက်ခုံးကြုံ့လိုက်တယ် ...

ထိုစကားဝိုင်းအား ရက်စ်ဒီက ဝင်ပြောလာတယ် ...

" Mr.ဖန်းဂူ ကျွန်မလဲပြောစရာရှိတယ် ...

ကျွန်မအသိတွေထဲက Mr.အဲလက်စ်က ရှင့်ရဲ့လက်နက်နဲ့ ဟော်မုန်းဆေးတချို့ မှာယူမယ်လို့ပြောတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now