Chapter - 33

36.2K 3.8K 269
                                    

#Unicode

ထောင်လိုရင် ရာစွန့် ရတယ်ဆိုတဲ့ စကားပုံအတိုင် ဒုက္ခအကြီးကြီးမရောက်ဖို့ ဒုက္ခသေးသေးလေးတွေကို အရင်ရှာဖွေပြီးရင်ဆိုင်ထားရမှာပဲ  … ဒီကနေ့က ဖန်းဂူ အလင်းလောကရဲ့ အထူးပွဲကို တက်ရောက်တာဟာ ပထမဦးဆုံးအကြိမ်ဖြစ်သလို လူတိုင်းက သူ့နယ်မြေကလူတွေလိုမဟုတ်ကြဘူး …

ဒီပွဲရဲ့ အဓိကရည်ရွယ်ချက်က မကောင်းမှုကို တိုက်ဖျက်ဖို့အတွက်ဖြစ်၍ အားလုံးက လျှို့ဝှက်ကြသလို တက်ရောက်သူတိုင်းကလဲ နိုင်ငံအသီးသီးက အာဏာပိုင်တွေနဲ့ အရာရှိများသာ … သူတို့အားလုံးက ရှန်ဖန်းဂူကို အပြင်မှာမမြင်ဖူး၍ မသိကြဘူး …  ရှန်ဖန်းဂူဆိုတဲ့နာမည်ကိုတော့ လူတိုင်းကြားဖူးမှာပါ …

သိသူတချို့က နိုင်ငံနီးစပ်ကလူတချို့နဲ့ သူတို့ A မြို့ကလူတွေ … သူတို့တွေကလဲ စီးပွားရေးလောကက ရှန်ဖန်းဂူက အမှောင်အလင်း ဆွေးနွေးမည့် ဒီပွဲမျိုး တက်ရောက်သည့်အတွက် ထူးဆန်းနေကြမှာအမှန်ပဲ …

ဖန်းဂူပွဲထဲဝင်လာတော့ ဟော်မုန်းနံ့တွေက ဘားမှာလို အနံ့ဆိုးဝါးတာမျိုးမဟုတ်သော်လဲ ဖန်းဂူလို သီးသန့်နေတတ်သူအတွက် ခံနိုင်ရည်မရှိဘူး … မွန်းကြပ်တဲ့ ဟော်မုန်းနံ့တွေကြားကနေဖြတ်လျှောက်လာရင်း နောက်ဆုံး VIP ခန်းထဲဝင်ရမဲ့ တံခါးဝသို့ရောက်ရှိလာတယ် …

အရာရှိတွေတက်ရောက်တဲ့ပွဲဖြစ်၍ အပြင်ပန်းမှာ ပါတီတစ်ခုလို အလှဆင်ပေးထားပြီး သူတို့ရဲ့မိတ်အိုမီဂါတွေကို ပျော်ပါးစေတယ် … တချို့ကတော့ ဘီတာတွေ သူတို့အားလုံးက အရာရှိတွေရဲ့လက်ထောက် သို့မဟုတ်လဲ အနားကပ်စောင့်ရှောက်ပေးရသည့်လူယုံများသာ ဖြစ်လိမ့်မည် …

ဖန်းဂူက ထိုအခြေအနေကိုမြင်လိုက်ရတော့ မျက်ခုံးကြုံ့လိုက်တယ် … ဆိုလိုတာက အထဲကို သူကလွဲပြီး ဘယ်သူမှဝင်ခွင့်မရှိဘူးဆိုတဲ့သဘောပဲ …

" Mr. ခများရဲ့ ကဒ်ပြားလေး ပြပေးပါ …

ကျွန်တော်တို့ အဖွဲ့ဝင်တွေကို စစ်ဆေးပြီးမှာ ဝင်ခွင့်ပြုပါမယ် "

ထင်တဲ့အတိုင်းပါပဲ သူတို့က ကလေးကစားသလိုပေါ့ပျက်ပျက်တော့ လုပ်မှာမဟုတ်ဘူး … ဒီလိုစည်းစနစ်ချတာကကောင်ပေးမဲ့ ခုသူ့ဘေးနားမှာ မင်းယွီကရှိမနေဘူး … အခန်းထဲကနေ ပြေးထွက်သွားပြီးကတည်းက ရှာမရတော့တာ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now