❗❗❗

7.3K 827 49
                                    

အောင်မြင်မှုအကြီးကြီးရဖို့ အများကြီးပေးဆပ်ရတယ်တဲ့ …

တော်ပြီလေဟာ … ငါတို့ဘာတွေပေးဆပ်ရအုံးမှာလဲ … ပြည်သူသွေးတွေအိုင်ထွန်းနေပြီ … တချို့ မိသားစုတွေပြန်မဆုံနိုင်ကြတော့ဘူး … အောင်မြင်မှုပန်းတိုင်လား ငါတို့လိုချင်တာပေါ့ … အစောကြီးကြွေသွားရတဲ့ ကြယ်လေးတွေ သူတို့ကောင်းကင်ဘုံကနေ စောင့်ကြည့်နေကြမှာ … ငါတို့လက်လျော့လို့မဖြစ်ဘူး … သူတို့သွေးစက်နဲ့ရင်းခဲ့ရတဲ့လမ်းကို ငါတို့ကဘာကြောင့် ဆက်မလျှောက်ရဲရမှာလဲ … အောင်မြင်မှုကို ငါတို့အရယူရမယ် …

ငယ်ငယ်ကထင်ခဲ့ဖူးတယ် … ငါဒီနေ့ငိုရင် နောက်နေ့ပျော်ရမယ် ဒီနေ့ငါရယ်နေခဲ့ရင် နောက်နေ့ငိုရအုံးမယ် ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကတစ်လှည့်စီပဲလို့ … ခုငါငိုခဲ့ရတဲ့ရက်တွေဆက်နေပြီ ပြည်သူတွေငိုခဲ့ရတဲ့ရက်တွေ မိသားစုတွေငိုရတဲ့အချိန်တွေ မရေမတွက်နိုင်တော့ဘူး မျက်ရည်ကနေသွေးအဖြစ်ပြောင်းကုန်ပြီ ဘယ်မလဲပျော်ရွှင်မှု … ပျော်ရွှင်မှုတွေဘယ်ရောက်ကုန်ပြီလဲ အောင်မြင်မှုအကြီးကြီးရောက်လာတော့မှာလားဆိုတဲ့စိတ်နဲ့ ငါအသက်ရှင်နေတယ် …

ဒီနေ့ဖတ်ရတဲ့သတင်းတွေ မြင်ရတဲ့မြင်ကွင်းတွေ အသက်ရှုဖို့မေ့လျော့သွားတဲ့ထိပါပဲ … ငါရှင်သန်နေတာမှန်ကန်ရဲ့လားလို့တွေးမိတယ် … ရှေ့ဆုံးကတိုက်ပွဲဝင်နေတဲ့ လူငယ်တွေထဲမှာ ငါမပါဝင်နိုင်လို့ရှက်မိတယ် … ဘုရားတရားလား ငါဘယ်တော့မှမမေ့ဘူး … သေဆုံးသွားတဲ့သူရဲကောင်းတွေကိုမေတ္တာပို့တယ် … စစ်ခွေးမိစ္ဆာတွေကိုတော့ ဘယ်လိုမှမေတ္တာမပို့နိုင်ဘူး …  မေတ္တာက ရောင်ပြန်ဟပ်တယ်ဆိုရင်တောင် သူတို့ကိုပို့လို့ပြန်ရလာမဲ့မေတ္တာငါမလိုချင်ဘူး …

အားတင်းထားပါဆိုတာထက်ထိရောက်တဲ့စကားမျိုးပြောချင်ပေမဲ့ ခုချိန်က အားထင်းဖို့ထက် စိတ်ဒါဏ်ရာတွေကအစိတ်စိတ် အမွှာမွှာဖြစ်နေပြီ … ဘယ်နည်းနဲ့ဖြစ်ဖြစ် ငါတို့တွန်းလှန်နိုင်ရမယ် … ငါတို့အားလျော့လို့မဖြစ်ဘူး … လွတ်လပ်ရေးရတဲ့တစ်နေ့ ငါတို့တွေ အပြုံးတွေနဲ့ပြန်ဆုံကြမယ်လေ … အဲ့ဒိနေ့ထိ ငါဆိုတာ ဆက်ရှိနေသေးရင်ပေါ့ … 🙏

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now