Chapter - 21

44.9K 5.3K 309
                                    

#Unicode

အိုမီဂါတစ်ယောက်ကိုယ်ထဲမှာ မိတ်အယ်ဖာရဲ့ဟော်မုန်းတွေကြီးဆိုးသွားပြီဆိုလျှင် သူ့ဘဝတစ်လျှောက်လုံး မိတ်အယ်ဖာရဲ့ လက်အောက်မှာပဲ ကျရှုံးရတော့မယ်ဆိုတဲ့အဓိပ္ပါယ်ပဲ ... အကယ်၍ ထွက်ပြေးနိုင်ခဲ့ရင်တောင်မှပေါ့ ...

ဒါကဆိုးရွားလွန်းတယ် ... အသက်ရှင်သန်ဖို့မသေချာပေမဲ့ လွတ်လပ်မှုရှိတဲ့ဘဝကို မင်းယွီပိုလိုချင်မိတယ် ... တလျှောက်လုံး ဘီတာအဖြစ် ခံယူထားပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကိုအိမ်မက်မက်ထားပေမဲ့လဲ လက်တွေ့မှာ အယ်ဖာတစ်ယောက်ရဲ့ တံဆိပ်ရိုက်နှိပ်ခြင်းကြောင့် သူ့ရဲ့ဘဝက အိမ်မွေးခွေးသာသာပင်ဖြစ်သွားလိမ့်မယ် ... အဲ့ဒိမကောင်းတဲ့လူတွေဆီမှာ တစ်နှစ်ပြည့်အောင်တောင်ရှင်သန်နိုင်ပါ့မလား တွေးပူနေမိတယ် ...

" သခင်လေး "

ချူးရှန်းတစ်ယောက် အပူမီးတွေတောက်လောင်နေပြီး ကုတင်ပေါ်က မင်းယွီကိုတလှည့် ခုံပေါ်ထိုင်နေတဲ့ ဖန်းဂူတစ်လှည့်ကြည့်ကာ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိဖြစ်နေတယ် ...

သူ့သခင်အကြောင်းသူအသိဆုံး ... ဒီလိုမျိုးနှောင်ဖွဲ့ခြင်းက ဖန်းဂူဒေါသကိုဆွလိုက်တာနဲ့တူညီနေပြီး ထိုမိတ်အယ်ဖာ တရားခံက ဖန်းဂူဆိုလျှင် မင်းယွီဘဝဘာဆက်ဖြစ်မလဲမသိနိုင်ဘူး ... အကယ်၍ ဖန်းဂူက သတ်ပစ်မယ်ဆိုလျှင်တောင် ချူးရှန့် ဝင်တားနိုင်မှာမဟုတ်တော့ပေ ...

ရှန်ဖန်းဂူက အမှောင်လောကမှာ Lion အဖြစ်နဲ့ကျော်ကြားသလို အပြင်လောကမှာတော့ SH Club ရဲ့ CEO အဖြစ်နာမည်ကြီးသူဖြစ်တယ် ... SH Club ရဲ့ ဥက္ကဌကတော့ သခင် ဖန်းဂူရဲ့ဖခင် ရှန်ကူးမန်ဖြစ်တယ် ...

သူတို့ Club က နာမည်ကျော်အောင်မြင်ယုံမက ပိုင်ဆိုင်မှုတွေအများကြီးရှိသလို ခုသူတို့ရောက်ရှိနေတဲ့ ဆေးရုံကလဲ SH Club ပိုင်ဆိုင်နေတဲ့ အဆောက်အဦးထဲကတစ်ခုအပါအဝင်ဖြစ်တယ် ...

သူတို့ရဲ့သခင်လေး မိတ်အယ်ဖာရွေးချယ်လိုက်တဲ့သတင်းက ထိုဆေးရုံမှနေပြီး ချက်ချင်းရှန်ဟွှာ အိမ်တော်ထိ ပျံနှံ့သွားလေတော့တယ် ...

မနေ့ညကတည်းက မင်းယွီ ဖန်းဂူနဲ့ဆက်ဆံပြီး ပြန်လာတဲ့လမ်းတစ်လျှောက် သတိမေ့နေခဲ့တာ ခုထိသတိရမလာသေးဘူး ... ဆေးရုံပေါ်ရောက်နေတာ နေ့တစ်ဝက်ပင်ရှိနေပြီ ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now