Chapter - 57 ( S2 💕 )

36.5K 4.9K 1.4K
                                    

#Unicode

၄ နှစ်ခန့် ကြာပြီးနောက် …

" လုယီလေးရေ "

လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြေးလာတဲ့ သားလေးကိုကြည့်ပြီး မင်းယွီကျေနပ်စွာ ပြုံးနေမိတယ် …

သားလေးက မင်းယွီလိုပဲ သစ်ပင်စိုက်ရတာ ဝါသနာထူးကဲတယ်ထင်ပါရဲ့ အိမ်ရှေ့ ကွင်းပြင်ထဲက ပန်းခင်းထဲကို ပြေးပြီး ပန်းပင်တွေနဲ့ကစားနေတတ်တယ် …

" သားလေး ညစ်ပတ်ကုန်ပြီ …

ပါပါးစောစောကပဲ ရေချိုးပေးထားတာကို "

လုံးဝင်းနေတဲ့မျက်ဝန်းလေးတွေက မင်းယွီထံစိုက်ကြည့်လာပြီး နှုတ်ခမ်းသေးသေးလေးကနေ ချစ်စရာကောင်းတဲ့ မပီကလာပီကလာ အသံလေး ထွက်ကျလာတယ် …

" ပါပါး … သားသားက ပန်းပင်ခူးပေးမို့ပါချို "

" လုယီလေးကလိမ်မာတယ် …

သားရဲ့လက်သေးသေးလေးတွေနဲ့ ပန်းပင်က ခူးလို့မရဘူးလေ …

ထပ်ပြီး ပန်းခင်းထဲမသွားနဲ့တော့နော် …

သားသားလက်တွေ နာကုန်လိမ့်မယ် "

" ဒါချို ပါပါးနဲ့အတူတူ ပန်းပင်သွားရောင်းမယ် "

" ကောင်းပါပြီဗျာ … ပါပါးနဲ့တူတူ ဖွားဖွားဆီသွားကြမယ် "

ထိုသို့ပြောလိုက်တော့ သွားသေးသေးလေးတွေပေါ်သည်ထိ လုယီလေး ပြုံးပျော်သွားလေတယ် … မင်းယွီ စကားတတ်လွန်းတဲ့ သားလေးကို ပွေ့ချီလိုက်ပြီး အိမ်ထဲသို့ ဝင်လာခဲ့လိုက်တယ် …

၃ နှစ်အရွယ် လုယီလေးက သာမာန်ကလေးတွေထက် ကြီးထွှားနှုန်းမြန်ပြီး လမ်းလျှောက်တတ်စဉ်ကတည်းက အပြင်ကိုမထွက်ဖို့ ထိန်းမရတော့ဘူး … သူ့ Daddy ဖန်းဂူ ရဲ့ အယ်ဖာဟော်မုန်းဓာတ်တွေက လုယီကိုယ်လေးထဲမှာ ပျံ့လွင့်နေပြီး မင်းယွီသူ့ကိုမေ့မရဘဲ အမြဲသတိရနေစေခဲ့တယ် …

သားလေးမွေးဖွားလာစဉ်ကတည်းက မင်းယွီ သူ့ဘဝလေးထဲကို သူဆုံးရှုံးသွားခဲ့တဲ့လူတစ်ယောက် ပြန်ရောက်လာပြီလို့ ခံစားလိုက်ရပြီး ဖန်းဂူရဲ့အငွှေ့အသက်တွေ အပြည့်ရှိနေတဲ့သားလေးကို ချစ်မဝနိုင်ခဲ့ဘူး … ပြီးတော့ သူတို့သားအဖနှစ်ယောက်ရဲ့ ဘဝလေးထဲကို ဘယ်သူ့ကိုမှအစားမထိုးနိုင်ပဲ သားလေးကိုမြင်တိုင်း ဖန်းဂူအကြောင်းတွေတွေးရင်း နေလာခဲ့လေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now