Extra - 4 ( 🚨🔞🚨 )

13K 658 39
                                    

Unicode
~~~~~~~

မင်္ဂလာဦးညအတွက် ရှန်ဝေတစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားနေတယ် ... ချူးရှန့်ကတော့ တစ်နေ့လုံး လူတွေရဲ့အာရုံစိုက်မှုကိုခံနေရပြီး စိတ်မွန်းကြပ်လွန်းလို့ ပွဲပြီးပြီးချင်း အခန်းထဲမှာတစ်ယောက်ထည်းအနားယူဖို့ပြန်သွားတယ် ... ရှန်ဝေကလဲ အလိုက်သိစွာနဲ့ ချူးရှန့်ကို အနားယူခွင့်ပေးထားလိုက်ပြီး သူကတော့ဧည့်သည်တွေနဲ့ စကားပြောနေခဲ့တယ် ...

" Mr.ရှန်ဝေ ... ဂုဏ်ယူပါတယ်ဗျာ ... ခများရဲ့သတ္တိကိုတော့ မချီးကျူးပဲမနေနိုင်ဘူးဗျာ ... အချစ်ကိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြတတ်တာ လေးစားစရာပဲ ... ပြီးတော့ခများက Lion ရဲ့ညာလက်ရုံးကို သိမ်းပိုက်နိုင်တာ အံ့ဩလို့မဆုံးဘူးဗျာ "

" အမှန်ပဲ ... ခများကထင်မထားလောက်အောင်တော်တာပဲ ... ဒီလိုအားကိုထိုက်တဲ့ဇနီးသည်လေးရထားတာ အရမ်းကံကောင်းတယ် "

ရှန်ဝေရဲ့လုပ်ဖော်ကိုင်ဘက်တွေက ရှန်ဝေကို ချူးရှန့်လို သန်မာတဲ့လူတစ်ယောက်ကို သိမ်းပိုက်နိုင်၍ အံ့ဩမဆုံးဖြစ်နေကြတယ် ... ရှန်ဝေကလဲ အားလုံးအလယ်မှာ ဂုဏ်ယူစွာနဲ့ မျက်နှာပန်းပွင့်လို့နေတယ် ... နေ့ဘက်မှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့မိတ်ဆွေတွေကို ဧည့်ခံပြီးသွားတော့ ညဘက်မှာ အရင်းနီးဆုံးမိသားစုဝင်တွေနဲ့ ညစာပါတီပွဲလေးကြင်းပကြလေတယ် ...

ရှန်ဖန်းဂူက သူ့တပည့်ရဲ့ လူပျိုဘဝနှုတ်ဆက်ပွဲကို ခန်းခန်းနားနားပြင်ဆင်ပေးထားတယ် ... ပွဲတက်ရောက်သူတိုင်းက နှစ်ပေါင်းများစွာနှပ်ထားပြီးမှရလာတဲ့အဖိုးတန်ဝိုင်တွေနဲ့ဧည့်ခံပြီး စားစရာအစုံအလင်ချပေးထားတယ် ...

ထိုအချိန်မှာတော့ အနားယူနေတဲ့ ချူးရှန့်လဲရောက်လာပြီး သူ့ရဲ့သခင်ဖြစ်သူ ဂုဏ်ပြုပေးတဲ့ပွဲကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေတယ် ...

" ကိုကို အရမ်းမသောက်နဲ့ ... မူးလိမ့်မယ် "

ရှန်ဝေက ဝိုင်တွေအဆက်မပြတ်သောက်နေတဲ့ ချူးရှန့်ကို တားနေပေမဲ့ ခေါင်းမာတဲ့ချူးရှန့်ကို မတားနိုင်ဘူး ... သူ့ဘဝရဲ့လူပျိုဘဝနောက်ဆုံးညကို နှုတ်ဆက်ရတော့မှာဆိုတော့ စိတ်လှုပ်ရှာနေလို့ ဖြစ်မယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now