Chapter - 106

10.8K 1.3K 146
                                    

Unicode
~~~~~~~

" ရန်အာ "

ရန်အာသည် အနက်ရောင်ဝတ်ဆုံကိုဆင်မြန်းထားပြီး သူ့ရဲ့ရှည်လျှားစွာစည်းနှောင်ထားတတ်တဲ့ဆံနွယ်တွေက အတိုအဖြစ်ပြောင်းလဲကာ  ပို၍ငယ်ရွယ်နုပျိုပုံပေါ်နေတဲ့အပြင် အပြုံးတွေကတောက်ပနေပြီး ဖန်းဂူချက်ချင်းမမှတ်မိတာလဲမဆန်းပါချေ … သူသိတဲ့ရန်အာက အမြဲပြုံးနေတတ်ပေမဲ့ တစ်ခါတစ်ရံတည်တံ့နေပြီး အလုပ်ကိုတိတိကျကျလုပ်ကိုင်တတ်၍ ချူးရှန့်ပြီးလျှင်ယုံကြည်အားကိုရဆုံး အမှောင်ဘက်က သူ့ရဲ့လက်ထောက်ဟုပင်ဆိုနိုင်တယ် … ဖန်းဂူလိုအပ်သမျှသတင်းအချက်အလက်တွေကို စုစည်းပေးနိုင်သလို ဟက်ကာတစ်ယောက်လို အရာအားလုံးကိုဖော်ထုတ်နိုင်စွမ်းလဲရှိတယ် …

ထိုစဉ် ရန်အာကဖန်းဂူနဘေးရောက်လာပြီး ဦးညွှတ်လိုက်တယ် …

" သခင်လေး … မဟုတ်သေးဘူး သခင်ကြီးလို့ခေါ်ရမှာပေါ့ … ဂုဏ်ယူပါတယ်ဗျာ "

ရန်အာက ဖျော်ရည်တစ်ခွက်ကိုကိုင်ဆောင်ထားပြီး ရှန်ဖန်းဂူအရှေ့အသာအယာချပေးလိုက်တယ် …

" ရှန်သခင်ကြီး သုံးဆောင်ပါ "

ခုသေချာကြည့်မှ ရန်အာရဲ့ဝတ်ဆုံက တခြားအကူအလုပ်သမားတွေရဲ့ဝတ်ဆုံနဲ့တူနေပြီး သူဟာဒီပွဲရဲ့ဧည့်သည်မဟုတ်ပဲ အရက်စပ်ပေးရသည့်နေရာရဲ့တာဝန်ခံဖြစ်နေကြောင်း ဖန်းဂူသဘောပေါက်သွားတယ် … ဒါကြောင့် သူ့အတွက် သူအမြဲသောက်နေကြကော့တေးတစ်ခွက်ယူလာပေးချင်းဖြစ်မည် … ရန်အာကိုမြင်တော့ ဒီလေးနှစ်သာအတွင်မှာ ဘယ်တွေရောက်နေလဲ ဘာတွေဖြစ်ခဲလဲဆိုတာကို ဖန်းဂူသိချင်လာမိတယ် … အတိတ်မေ့ပြီးနောက်သူ့အသိထဲတွင် ချူးရှန့်နဲ့သူ့မိဘတွေကလွဲအရာအားလုံးဟာအသစ်လိုဖြစ်သွားခဲ့တယ် … အဲ့ဒိနောက်အတိတ်ကိုပြန်သတိရပြီးတော့လဲ ရန်အာကိုသတိမရခဲ့ဘူး … ဖန်းဂူရဲ့လေးနက်တဲ့အကြည့်တွေကိုမြင်ရတော့ ရန်အာက ဂရုတစိုက်နဲ့ သူတို့ရဲ့ လျှို့ဝှက်သင်္ကေသကိုအသုံးပြုကာ ပွဲပြီးလျှင်ဆက်သွယ်မည်ဟုဆိုပြီးနောက် တခြားလူတွေမရိတ်မိခင် သူ့အနားကနေထွက်သွားလေတယ် …

ထိုအခါတွင် ဖန်းဂူအာရုံထဲ၌ အကြောင်းအရာတွေအားလုံး ရှုတ်ထွေးစွာပေါ်လာခဲ့တယ် … အကယ်၍များ ရန်အာသာသူတို့ဘက်ပြန်ရောက်လာလျှင် ချန်းမျိုးရိုးနဲ့ဆက်နွယ်နေသည့်အမှောင်ဂိုဏ်းဘက်ကအဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ပရော့ဂျက်ကိုသိရှိနိုင်မည်ဖြစ်ပြီး ရှုမန်းကိုလဲ Lion အတုအဖြစ်ဖော်ထုတ်ကာ ဒီပွဲဟာ လွယ်လင့်တကူအောင်မြင်နိုင်လိမ့်မယ် … ဒါပေမဲ့ သူဘာကြောင့်အစောကြီးကတည်းကထိုအရာကိုမတွေးမိခဲ့လဲ … အရေးကြီးဆုံးအရာကိုမေ့လျော့နေခဲ့တာပဲ  …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now