Chapter - 59

34.6K 4.9K 961
                                    

#Unicode

မထိတွေ့တာကြာပြီဖြစ်တဲ့ ထိတွေ့မှုရဲ့ ခံစားချက်ဟာ ဘယ်အရာနဲ့မှမလဲနိုင်သလို သူ့ရဲ့ဟော်မုန်းတွေဟာလဲ ခုချိန်ထိ မွှေးပြန့်နေဆဲပဲ … သူပြန်လာလိမ့်မယ်ဆိုတဲ့အတွေးကအမြဲရှိနေခဲ့သလို သူပျောက်ကွယ်သွားတဲ့ ပင်လယ်ကြီးထံကြည့်ကာ ဘယ်တော့ပြန်လာမလဲ မင်းယွီအမြဲမျှော်နေမိခဲ့တယ် … အရူးတစ်ယောက်လိုမျိုး …

သို့သည့်တိုင် ဒီလူသားကသူ့အပေါ်စိမ်းကားနေသလိုပင် … သူဖက်ထားတဲ့ ရင်ခွင်ကျယ်က ယခင်ကထက်ကျယ်ပြန့်ပေမဲ့ အနွေးဓာတ်လေးအနည်းငယ် ရော့ပါးနေခဲ့တယ် … အမြဲသူ့ကိုပွေ့ချီသွားတတ်တဲ့သန်မာတဲ့လက်မောင်းတွေက ခုတော့မလှုပ်မယှက်နဲ့ သေနေသည့်အလား …

ခုချိန်မှာ သူ့ရဲ့မျက်နှာကို လွမ်းစွတ်မိပေမဲ့ မော့မကြည့်ရဲဘူး … သူအများကြီးမျှော်လင့်ထားသလိုဖြစ်မလာမှာကြောက်မိနေတယ် … ဒီလူရဲ့အကြည့်တွေက တစ်စုံတစ်ယောက်နဲ့ တူမနေမှာကြောက်မိနေတယ် … သူ့ကိုအသက်ပေးပြီးကာကွယ်ပေးတဲ့ ပင်လယ်ထဲနစ်ပြုတ်သွားတဲ့ တစ်စုံတစ်ယောက်ဖြစ်မနေမှာကြောက်မိနေတယ် …

ထိုစဉ် ဦးခေါင်းထက်မှ ထွက်ပေါ်လာတဲ့ အေးဆက်ဆက် စကားတစ်ခွန်း …

" မင်း … ဘယ်သူလဲ "

မင်းယွီ ရေခဲရိုက်ခံလိုက်ရသလို တစ်ကိုယ်လုံး ခဲတောင့်သွားကာ မကြည့်ဘူးလို့ဆုံးဖြတ်ထားတဲ့ သူ့ရဲ့မျက်ဝန်းတွေက မရဲတရဲမော့ကြည့်လာတဲ့အခါ ဓားသွားပမာစူးရှတဲ့အကြည့်တွေက သူ့ထံမြဲမံလျှက် …

ထိုအကြည့်တွေက အငြိုးအသေးတွေပါဝင်မနေသလို နူးညံ့မှုလဲရှိမနေ … သူ့ရဲ့အကြည့်တွေက စိတ်ရှုတ်ထွေးနေသလိုမျိုး ပဟေဠိဆန်စွာနဲ့ သူစိမ်းတစ်ယောက်ပမာ …

ယခင်ကဖက်သွယ်ဖူးတဲ့လက်တစ်စုံက ခုတော့သူနဲ့ဝေးကွာသွားဖို့ တွန်းထုတ်ခံလိုက်ရတယ် … ရေကြည်လွှာတွေအောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖက်သွယ်ထားစဉ်ကအကြည့်တွေနဲ့တူမနေတော့ …

ထိုအချိန်က ထွန်းထုတ်ခံလိုက်ရတဲ့ခံစားချက်နဲ့ ခုခံစားချက်ကထက်တူကြပေမဲ့ သူ့ရဲ့အမူအရာတွေကတော့ ထက်တူကျမနေခဲ့ … ထိုအချိန်က ရေအောက်ကို ငို့လျှိုပျောက်ကွယ်သွားခဲ့တဲ့လူက ခုပြန်ပေါ်လာတဲ့အခါ တစ်ခြားတစ်ယောက်ပမာ ပြောင်းလဲသွားခြေပြီ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now