Chapter - 29

38.9K 5.9K 293
                                    

#Unicode

သူတို့ရဲ့ ရွက်လှေဟာ အလိုအလျှောက်စနစ်ပါရှိတာမို့ ခလုပ်နှိပ်လိုက်ယုံနဲ့ လိုရာခရီးကိုဦးတည်နိုင်တယ် ...

အချိန်အတော်ကြာမောင်းနှင်လာပြီးတဲ့နောက်မှာတော့ ရိပ်ရိပ်လေးသာ လှမ်းမြင်နေရတဲ့ ကျွန်ငယ်လေးက သူတို့အရှေ့မှာစီးကြိုနေလေတယ် ...

အချိန်က ညနေစောင်းပြီဖြစ်၍ ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ တစ်ဝက်ပျောက်ကွယ်နေပြီဖြစ်တဲ့ နေရောင်ခြည်က ပင်လယ်ရေကို ရွေရောင်သန်းစေပြီး တလောကလုံးကို မီးလျှံများ နွယ်စေတယ် ...

လှေဦးထိပ်မှာ ထည်ငြိမ်စွာ ထိုင်နေတဲ့ ဖန်းဂူက မီးအလင်းရောင်များ လပ်နေတဲ့ ပင်လယ်ပြင်ကြီးကို မလှုပ်မယှက် ငေးမောနေခဲ့တယ် ...

သူ့ရဲ့မျက်ဝန်းတွေထဲထိ နေအလင်းရောင်က မီးတောက်များသဖွယ် ထင်ဟပ်နေပြီး တစ်စုံတစ်ခုအား အလေးအနက်တွေးတောနေပုံပင် ...

လှေဝမ်းဗိုက်ထဲမှာ အိပ်ပျော်နေတဲ့ မင်းယွီတစ်ယောက် နှစ်ခြိုက်စွာ အိပ်ဆက်ပြီးနောက်မှာတော့ နိုးထလာခဲ့တယ် ...

လှိုင်းခပ်ဒါဏ်ကြောင့် မူးဝေနေပေမဲ့ အချိန်အတော်ကြာ အိပ်ဆက်အနားယူပြီးသည့်နောက်မှာတော့ ပေါ့ပါးလန်းဆန်းသွားလေပြီ ...

လှေထဲကနေ ထွက်လာတော့ ပင်လယ်ရေပြင်ရဲ့ မီးအလင်လျှံများနှင့်အတူ လှေဦးထပ်မှာထိုင်နေတဲ့ လူရဲ့ကျောနောက်မြင်ကွင်းက လွယ်မောဖွယ်ရာ ကောင်းလှသည်ဟု မင်းယွီထင်မိလိုက်တယ် ...

ထိုလူက အရှေ့ကနေကြည့်ကြည့် အနာက်ကနေကြည့်ကြည့် လှပသည်ဆိုတာကို ဖုံးကွယ်၍မရသလို အဆင့်မြင့်အယ်ဖာဖြစ်သည့်အပြင် ရှားပါသည့်ဟော်မုန်းတွေကို ပိုင်ဆိုင်ထားသည်ဖြစ်၍ သူလိုလူအနားမှာ အိုမီဂါတွေ ဝိုင်းဝိုင်းလည်နေသင့်ပေမဲ့ ခုလိုအထီးကျန်နေသလိုမျိုးမြင်ကွင်းက မင်းယွီအားသူ့အကြောင်း ပိုပြီးသိချင်လာအောင် ဆွဲဆောင်နေသလိုပင် ...

မင်းယွီတဖြေးဖြေးတိုးကပ်သွားချိန်၌ ထိုလူက လက်ထဲကအရာပစ္စည်းတစ်ခုကို လှည့်ကာကစားနေပေမဲ့ အကြည့်တွေက ဟိုးအဝေးက ကျွန်းငယ်လေးထံ ငေးမောနေလေတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now