Chapter - 52 ( 💔💔💔 )

38K 4.2K 550
                                    

#Unicode

Show ပွဲရဲ့အဆုံးသတ်က တစ်စုံတစ်ယောက်ကို သွေးရူးသွေးတန်းဖြစ်သွားလောက်တဲ့ထိကို အကျိုးသပ်ရောက်မှုရှိသွားတယ် ... ဒါက ရှန်ဖန်းဂူလိုချင်တဲ့အရာပဲ ...

နေရောင်ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ အန်းဂါးလ်ရဲ့သမီးပျောက်ရှာပုံတော်ကြီးစတင်လေတော့တယ် ... အားလုံးအရှေ့မှာ သူတော်ကောင်းဟန်ဆောင်နေတဲ့ကျားက ခုချိန်ထိ ဟန်းဆောင်ကောင်းနေတုန်းပဲ ... အနောက်ကနေ လိုက်ပြီးကူညီပေးနေတဲ့လူတွေကိုကြည့်ပြီး ဖန်းဂူ လှောင်ရယ်လိုက်လေတယ် ...

" သခင်လေး ... သူတို့ အလောင်းကိုတွေ့ပါ့မလား "

ချူးရှန့်မေးလာတော့ ဖန်းဂူ ပင်လယ်ပြာကြီးကိုမျက်နှာမူလျှက် အေးဆက်စွာ ပြန်ဖြေလိုက်လေတယ် ...

" အသားစားငါးတွေ စားမသွားဘူးဆိုရင်တော့ တွေ့မှာပေါ့ ...

ကံကောင်းရင် သူ့ရဲ့လက်တစ်ဖက်ကိုတော့ ပြန်ရှာတွေ့မှာပါ ... ဟက် "

ကြားရယုံနဲ့တင် ကြက်သီးထစဖွယ်ကောင်းလှတဲ့စကားတွေက ဖန်းဂူနှုတ်က ထွက်လာတဲ့အခါ ပို၍ အေးဆက်ကာ ကြောချမ်းစရာပင် ... ရှန်ဖန်းဂူက မှန်လိုလူမျိုး ... သူ့ကိုပြုံးပြရင် ပြန်ပြုံးပြလိမ့်မယ် ... မဲ့ပြရင်တော့ သူ့လက်အနာခံပြီး မှန်ကိုထိုးခွန်းလိမ့်မယ် ...

ခု အန်းသားအဖက ဖန်းဂူရဲ့ဒေါသကို စွခဲ့၍ အသက်ရှင်လျှက် အလွတ်ပေးမည်မဟုတ်တော့ ... ပြီးရင် သူ့လမ်းလာရှုတ်တဲ့အမှိုက်မှန်သမျှကို ဒီညအပြီးရှင်းပြစ်ဖို့ ရည်ရွယ်ပြီးသားပင် ...

" ချူးရှန့် ... မင်းလုပ်ရမဲ့အရာတွေ ပြီးပြီလား "

" စိတ်ချပါ ... ကျွန်တော်အားလုံးစီစဉ်ပြီးပါပြီ "

" ကောင်းတာပေါ့ ...

ဒီည Show ပွဲက မနေ့ကထက်လူပိုစည်ပြီး ကြည့်ကောင်းတော့မှာပဲ "

ဖန်းဂူ ကြောက်မက်ဖွယ်ရာအပြုံးတစ်ခုကိုဖန်းဆင်းလိုက်ပြီးတဲ့နောက် အဝေးတစ်နေရာကနေ လူပျောက်ရှာနေတဲ့အဖွဲ့ကြီးကို အေးဆက်စွာဖြင့် ကြည့်နေလေတော့တယ် ...

*

*

*

*

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now