Chapter - 5 ( 🚨🔞🚨 )

86.8K 5.6K 168
                                    

#Unicode

မနက်ခင်းနေရောင် ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့အခါမှ ဖန်းဂူ မျက်လုံးများ ဖွင့်လိုက်တော့တယ် ... အမှန်တိုင်းဝင်ခံရရင် မနေ့ကကိစ္စ ဖြစ်ပြီးတဲ့နောက် တစ်ညလုံးအိပ်မပျော်ခဲ့ဘူး ...

အိပ်ယာပေါ်မှာ မလှုပ်မယှက်အိပ်ပျော်နေတဲ့ ကောင်လေးကိုကြည့်လိုက်တော့ ငြိမ်တက်နေတုန်းပဲ ... အသက်မျှင်မျှင်လေးတော့ ရှူနေဆဲပါ ... သူ့ရဲ့ လှုပ်ရှားနေတဲ့ ရင်ဘက်ကို မြင်နေရသည်မို့ ...

မနေ့ညကတည်းက ဆက်ဆံပြီးသတိမေ့သွားခဲ့တာ ခုထိသတိပြန်မလည်လာသေးဘူး ... ညတွင်းချင်းပဲ အိမ်တော်ကို ပြန်ခေါ်လာခဲ့ရတယ် ...

အသက်တော့ ရှင်ပါသေးတယ်နော် ... ဟုတ်တယ်မလား ... သေစရာမှအကြောင်းမရှိတာ ... ဖန်းဂူလက်အောက်က ဘယ်သူမဆို သူခွင့်မပေးပဲ သေရဲတဲ့သူမရှိကြဘူး ... ဒီကောင်လေးလဲတူတူပါပဲ ...

ခုဆို မနက် ၇ နာရီရှိနေပေမဲ့ ကောင်လေးလဲနိုးထမလာသလို မနက်လင်းခါနီးမှအိပ်ပျော်သွားတဲ့ဖန်းဂူလဲ နေရောင်ကြောင့် ခုမှအိပ်ယာကနေ နိုးထခြင်းဖြစ်တယ် ...

အချိန်မှန်စွာပဲ ဖန်းဂူ အိပ်ယာထပြီး အလုပ်သွားဖို့အတွက် ပြင်ဆင်ပြီးတဲ့နောက် တံခါးခေါင်သံနဲ့အတူ မနေ့ကစုံစမ်းခဲ့တာတွေကို တင်ပြရန်အတွက် ချူးရှန့် အရေးတကြီးဝင်လာခဲ့တယ် ...

" သခင်လေး ...

ကျွန်နော်တို့ အရေးကြီး ... "

သူ့ရဲ့စကားပင်မဆုံးသေး ထူးဆန်းတဲ့အနံ့ကြောင့် သူ့ရဲ့စကားတွေရပ်တန့်သွားပြီး သူ့အရှေ့က သခင်ကို အံ့ဩသကြီး ကြည့်နေတော့တယ် ...

ဒီအနံ့က မဟုတ်မှလွဲ အိုမီဂါတစ်ယောက်ရဲ့ ဟော်မုန်းနံ့ ... ဒါကသခင့်ကိုယ်ပေါ် ဆွဲကျန်နေစရာအကြောင်းမှမရှိတာ ...

[ TN / ဒီနေရာမှာပြောချင်တာက ဘီတာတွေက ဟော်မုန်းနံ့ကိုခံနိုင်ကြပါတယ် ... ဒါပေမဲ့ သူတို့ကိုယ်ပေါ်ကနေ တဖက်သူကို ဆွဲဆောင်တဲ့ ဟော်မုန်အနံ့မထုတ်နိုင်ကြပါဘူး ...ပြီးတော့ အယ်ဖာ/အိုမီဂါတွေရဲ့ ဟော်မုန်းတွေက သူတို့အပေါ်အကျိုးသက်ရောက်မှု မရှိပါဘူး ... ဒါလေးပဲကွာတာပါ ... ]

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now