Chapter - 129

7.2K 1.2K 102
                                    


Unicode
~~~~~~~~

တစ်လခန့်ကြာပြီးနောက်တွင်တော့ မင်းယွီ ဂျိုးလ်တို့မိသားစုနဲ့ အလွန်ခင်မင်ရင်းနီးသွားကြတယ် … လုယီလေးကလဲ အဖော်တွေနဲ့မို့ပျော်နေပြီး ဖန်းဂူနဲ့ရှုယွမ်တို့လဲ ဆွေးနွေတိုင်ပင်မှုတွေ အကွက်ချစီစဉ်မှုတွေပြုလုပ်ပြီးနောက် အမှောင်လောကကိုတစ်ဖြေးဖြေး သိမ်းပိုက်လာနိုင်ခဲ့တယ် …  မင်းယွီက သူတို့ရဲ့လေ့ကျင့်ပေးမှုတွေကြောင့် ကိုယ်ခံပညာနဲ့သေနတ်ပြစ်စွမ်းရည် အတော်လေး တိုးတက်လာခဲ့ပြီ …

ယနေ့ မင်းယွီညဘက်၌ အိပ်မပျော်တာနဲ့ ထလိုက်တော့ သူ့ဘေးနားမှာ ဘယ်သူမှရှိမနေဘူး … ရုတ်တရပ်ထူပူသွားပေမဲ့ သေချာပြန်စဉ်းစားကြည့်တော့မှ လွန်ခဲ့တဲ့တစ်ပတ်လောက်ကပဲ လုယီလေးက ထရစ်တို့မောင်နှမနဲ့အတူအိပ်ချင်တယ်လို့ပူဆာတာနဲ့ သူတို့အခန်းထဲကိုပြောင်းသိပ်လိုက်ရတယ် … ကလေးတွေကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ ခင်မင်နေကြတာကြောင့် ပူစရာတော့မလိုဘူး …

ဒါပေမဲ့ တစ်နေ့လုံးအလုပ်လုပ်ပြီးပြန်လာတဲ့ဖန်းဂူကတော့ သူ့အနားမှာရှိနေသင့်ပေမဲ့ ညဘက်တန်ခေါင်ကြီး ဘယ်ထသွားလဲမသိတာကြောင့် မင်းယွီစိတ်ပူကာ အခန်းထဲကနေ ထွက်လာခဲ့တယ် … အိမ်တော်ကြီးက သုံးထပ်မို့ မင်းယွီတို့ နေတာက ဒုတိယထပ်မှာဖြစ်ပြီး မီးတွေအားလုံးပိတ်ထားတယ် … ဒါပေမဲ့ တတိယထပ်ဖြစ်တဲ့အပေါ်ဆုံးထပ်မှာတော့ မီးများ လင်းနေဆဲပင် …

မင်းယွီဘာမှတွေးမနေပဲ အပေါ်တက်လာခဲ့တယ် … ထင်တဲ့အတိုင်း လသာဆောင်မှာ ဖန်းဂူ ရှုယွမ် နဲ့ ဂျိုးလ်တို့လင်မယားထိုင်နေကြတယ် … သူတို့အားလုံး ဘာကြောင့် သူ့ကိုမခေါ်ပဲ တွေ့နေကြလဲ မသိပေမဲ့ မင်းယွီက ချက်ချင်းမသွားသေးပဲ သူတို့ပြောနေတာတွေ ကြားလောက်မဲ့နေရာမှာ ခနမျှရပ်နေလိုက်တယ် …

" အမဲလိုက်ပွဲထပ်လုပ်ဖို့ပြောတာလား "

ဂျိုးလ်ရဲ့ဇနီးက အံ့ဩသကြီးပြောလိုက်ခြင်းပင် … အမဲလိုက်ပွဲတွေက နှစ်စဉ်ပြုလုပ်ပေမဲ့ ဒီနှစ်နိုင်ငံရေးမတည်ငြိမ်လို့ ရပ်တန့်မယ်ထင်ထားတာ ဆက်ပြီးလုပ်ကြမယ်ဆိုတော့ မင်းယွီလဲ အံ့ဩသွားမိတယ် … ထိုစဉ် ဂျိုးလ်က ပြောလာတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now