Extra - 3

10.7K 774 100
                                    

Unicode
~~~~~~~~

ဖန်းဂူတစ်ယောက် သားလေးအတွက် ကစားစရာအရုပ်တွေပြင်ဆင်ပေးနေပြီး စာကြည့်ခန်းထဲကိုလဲ လိုအပ်တဲ့ပစ္စည်းတွေ ထည့်ပေးကာ လုယီလေး လိုလေသေးမရှိအောင် အားလုံးပြင်ဆင်ပေးနေတယ် … ထိုစဉ် အစောင့်တစ်ဦးက ဖန်ဂူရှိနေတဲ့အခန်းထံရောက်လာကာ အကြောင်းလေတယ် …

" လူတစ်ယောက် သခင်ကြီးကို တွေ့ဖို့ခွင့်တောင်းလာပါတယ် "

" ဘယ်သူလဲ "

" ရှုမန်းလို့ပြောပါတယ် "

" ဝင်ခွင့်ပြုလိုက် "

တစ်ခနအကြာမှာ ဖန်းဂူအောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်ကာ စောင့်နေတဲ့ ရှုန်းကိုတွေ့လိုက်ရတယ် … ဖန်းဂူရဲ့မင်္ဂလာပွဲပြီးမှ သူတို့ပထမဆုံးပြန်လည် တွေ့ဆုံခြင်းပင် …

" အကိုကြီး "

ဟိုအရင်က အမြဲမောက်မာရိုင်းဆိုင်းပြီး ယဉ်ကျေးမှုမရှိတဲ့ကောင်လေးက ခုတော့ သပ်သပ်ရပ်ရပ်ဝတ်ဆင်ကာ အလွန်ချိုသာပြီး ယဉ်ကျေးမှုအပြည့်ဖြင့်ရှိနေတယ် … ရှုမန်းက ခေါ်ကာနှုတ်ဆက်လာတော့ ဖန်းဂူလဲအသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းငြိမ့်ပြကာ ဆိုလိုက်တယ် …

" ဘာကိစ္စရှိလို့ရောက်လာတာလဲ ရှုမန်း "

" အဖေ … "

သူကရုတ်တရပ် စကားလွဲသွားမှန်းသိ၍ ချက်ချင်းပြင်လိုက်တယ် …

" ဦးလေးက ကျွန်တော့ကို ကုမ္ပဏီအလုပ်တွေ ကူညီပေးဖို့အတွက် အကိုကြီးဆီကို လွှတ်လိုက်တာပါ "

ဖန်းဂူက ရှုမန်းရဲ့ဟိုးအရင်ကအပြစ်တွေကိုမေ့ထားလိုက်ကာ အသာတကြည်ပင် ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ရှုန်းမန်းတို့အကြောင်းကို မေးခွန်းထုတ်လိုက်တယ် …

" ရန်အာရော အဆင်ပြေရဲ့လား "

" ခုရန်အာက အရင်လိုကျန်းကျန်းမာမာပါပဲ  "

ချူးရှန့်က မင်္ဂလာပွဲအတွက် လုံးပန်းနေရ၍ ဖန်းဂူက စောစောအနားယူဖို့ခွင့်ပေးထားတယ် … ဒါကြောင့် အလုပ်ကိစ္စတွေကူလုပ်ပေးဖို့ လူလိုနေခြင်းပင် … သူကိုယ်တိုင်ကလဲ မင်းယွီက နေ့စေ့လစေ့ကြီးမို့ မျက်စိရှေ့ကအပျောက်မခံ စောင့်ကြည့်နေရတယ် … အလုပ်ကိစ္စအတွက် အသင့်တော်ဆုံလူက ရှုမန်းတစ်ယောက်သာ ရှိနေတော့တယ် … ရှုမန်းက ရှန်ဟွှာအပေါ် အပြစ်တွေအများကြီးလုပ်ထားပေမဲ့  ဖန်းဂူကသဘောထားကြီးစွာ ချက်ချင်းပဲလက်ခံလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now