Happy Birthday 🎂🎊🎉

5.1K 593 296
                                    

Hello ! မင်္ဂလာပါတျဲလေးတို့ ဒီနေ့ ကို့မွေးနေ့လေးပါ ... Fb Acc ကမွေးနေ့ရက်မှ အပိတ်ခံရလို့ ဘာမှမတင်နိုင်ဘူး ... ပြီးတော့ ဒီ Fic လေးထဲမှာပဲ ကိုယ်မွေးနေ့နဲ့ကြုံတာ ၂ ခါရှိပါပြီ ... မနှစ်က မွေးနေ့က အပိုင်း 84 လောက်မှာ ကျရောက်ခဲ့တယ် ... ပြောရရင် ဒီ Fic ရေးတာဟာ တစ်နှစ်ကျော် ရှိခဲ့ပြီပေါ့ ... ဒီနှစ်ကတော့ အာဏာသိမ်းတာတွေနဲ့ ရှုတ်ပြီး အပြီးထိမရေးနိုင်ခဲ့ဘူး ... အပိုင်းအနည်းငယ်ကျန်နေသေးတယ် ... ပြောချင်တာလေးတွေ နည်းနည်းများလို့ စာနည်းနည်းရှည်မယ်နော် ...

ပထမဆုံး ခုအခြေအနေကနေစပြောရအောင် ... အင်တာနက်လိုင်းတွေဖျက်ထားတယ်ဆိုတာ အားလုံးသိမှာပါ ... စာရေးပြီးတင်ဖို့မပြောနဲ့ သတင်းကြည့်ဖို့ကို ဒီဘက်မှာအနိုင်နိုင်ရယ် ... Mpt ကလဲ မအလ ဟာမှန်းသိပေမဲ့ အဲ့ဒါနဲ့ပဲသုံးနေရတယ် ... ပြီးတော့ ကိုယ်တွေနားလေးမှာ ပေါ်တာဆွဲတာတွေ အိမ်တွေမွှေနှောက်မီးရှို့တာတွေဖြစ်နေလို့ ညဘက်မပြောနဲ့ နေ့ဘက်တောင်မှ မအိပ်ရဲဘူး ... အခြေအနေတွေက ဘယ်လိုလာမယ်မှန်းမသိလို့ အထုပ်ထုပ်ပြီးစောင့်နေရတဲ့အခြေအနေ ... လူကစာထဲစိတ်နှစ်ရေးဖို့မဖြစ်နိုင်တဲ့အခြေအနေပါ ...

ကိုယ်က မွေးနေ့လတိုင်း ကံဆိုးတယ်ခေါ်မလား မနှစ်က မွေးနေ့လမှာ ကိုယ် ၃ နှစ်လောက်အသုံးပြုခဲ့တဲ့ Fri တွေအများကြီးရှိတဲ့ Fb Acc လေးပျက်သွားခဲ့တယ် ... ကိုယ်နဲ့ခင်မင်ခဲ့တဲ့လူတွေလဲမရှိတော့သလို ကြိုးစားထားသမျှလဲ သဲထဲရေသွန်ဖြစ်ကုန်တယ် ... ကိုယ်ရေးသမျှ Fic တွေပျက်သွားခဲ့တာပေါ့ အမှတ်တရတွေရော အားလုံးပဲ ... ကို့အတွက်တော့ အိမ်မက်ဆိုးတစ်ခုလိုပါပဲ ... ဒီနှစ်ကတော့ ဒီလမှာပဲ အကြောင်းအရင်းမရှိ Fb Acc ၂ ခါပိတ်ခံရတယ် ...

ကိုယ်စာစရေးတာ 2017 ကနေပြီး ခု 2021 ထိပဲ ... အစကအပျော်တမ်း Fb acc မှာစရေးတာကနေ 2018 လောက်မှာ Wattpad ဆိုတာစပြီးခေတ်စားလာပြီး အကောင့်ဖွင့်ဖြစ်သွားတာ ... အများကြီးမျှော်လင့်မထားပေမဲ့ ချစ်ခင်တဲ့သူတွေများလာတော့ပျော်မိတယ် ... ထိုနည်း၎င်းပဲ အမြင်မကြည်သူတွေ မုန်းတီးသူတွေများလာလို့လဲ ဝမ်းနည်းငိုကြွေးခဲ့ရဖူးတယ် ... ပျော်ရွှင်မှု ဝမ်းနည်းမှု ရသအမျိုးမျိုးပေါ့ ... ခုတော့ တစ်နှစ်ပြီးတစ်နှစ် အသက်အရွယ်ကြီးလာတာနဲ့အမျှ ရင့်ကျက်လာပါပြီ ... အရင်က ငယ်သေးတော့ မသိခဲ့တာတွေလဲရှိမယ် မှားခဲ့တာတွေလဲရှိမယ် ဘယ်အရာကိုမှအပြစ်တင်လို့မရပါဘူး ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now