Chapter - 94

15.8K 1.7K 72
                                    

#Unicode

ရှန်ဟွှာအိမ်တော် …

" အဟွတ် … အဟွတ် "

" သခင်ကြီး သတိထားပါ … အဆင်ပြေရဲ့လား … ကျွန်တော် ရေယူပေးမယ် "

" လောင်ဝီ … ဒါတွေသိမ်းလိုက်တော့ "

အရှေ့မှာရှိနေတဲ့ စားစရာပွဲကို ပြန်သိမ်ဖို့အမိန့်ပေးလိုက်တယ် … အစောင့်လေးငါးယောက် ရောက်လာကြပြီး သခင်ကြီးရှန်ဟွှာရန်းအမိန့်အတိုင်း စားစရာပွဲတွေအားလုံးကို ပြန်ယူသွားကြတယ် …

သခင်ကြီးဟွှာရန်းတစ်ယောက် ချူးလောင်ဝီယူပေးတဲ့ ခွက်ကိုယူကာ ရေတစ်ငုံသောက်လိုက်ပြီး သူ့ရဲ့ညနေစာကိုအဆုံးသတ်လိုက်တယ် … ဒီရက်တွေအတွင်းမှာ သခင်ကြီးအစားနည်းလာသလို အမြဲအားပြည့်နေဖို့ ဆေးစားနေရတယ် … မိသားစုရေး မြေးရေးတွေကြောင့် စိတ်ရှုတ်ထွေးပင်ပန်းပြီး အင်အားကြီးပါတယ်ဆိုတဲ့ရှန်ဟွှာရန်း အိပ်ယာထဲလဲတဲ့ထိဖြစ်သွားခဲ့ရတယ် …

ကိစ္စတစ်ချို့ကြောင့် သခင်ကြီးဘေးမှာအမြဲခစားနေတဲ့ ချူးဖိုးဖိုးလဲ စကားသိပ်မပြောတော့ဘူး … အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ဖို့ ဘယ်အရာတွေကများ တားဆီးနေတာလဲ …

" သခင်ကြီးအတွက် ကျွန်တော် ဆေးယူလာပေးမယ် "

ချူးဖိုးဖိုက အနားကနေ ထွက်သွားမည်ပြင်တော့ ရှန်ဟွှာရန်းကတားစီးလိုက်တယ် …

" လောင်ဝီ "

" အမိန့်ရှိပါ "

ရှန်ဟွှာရန်း သက်ပြင်းဖွဖွချလိုက်ရင်း …

" ငါ့အပေါ် နားလည်ပေးနိုင်မဲ့သူက မင်းဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ ငါထင်တာမှားသွားပြီနဲ့တူတယ် "

" ကျွန်တော်တောင်းပန်ပါတယ် "

" မင်းတောင်းပန်စရာမလိုပါဘူး … ငါဘယ်လိုလူမျိုးလဲ မင်းအသိဆုံးပါ … မင်းသားရဲ့လုပ်ရပ်တွေက ရှန်ဟွှာကိုအိမ်မက်ဆိုးဖြစ်စေခဲ့ပြီ … ဒါတွေကို ငါဘယ်လိုခွင့်လွှတ်နိုင်မှာလဲ "

ပိုင်မိသားစုပြန်ပေါ်လာရခြင်းက တိမ်မြုတ်ပျောက်ကွယ်နေတဲ့ အိမ်မက်ဆိုးတွေ တဖန်နိုးထလာတာနဲ့တူနေတယ် … ရှန်ဟွှာအတွက် အချိန်ကိုက်ဗုံးတစ်လုံးလို ဘယ်အချိန်ပေါက်ကွဲမလဲဆိုတာ မခန့်မှန်းနိုင်ဘူး … အားလုံးကိုရှင်းလင်းဖို့ဆိုရင် ပိုင်မျိုးဆက်ကို ရှန်ဟွှာနဲ့အဝေးဆုံးကိုတွန်းထုတ်ရန်သာရှိလိမ့်မယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now