Chapter - 28 ( Kiss 💋💋💋 )

49.7K 7K 520
                                    

#Unicode

မျက်စိရှေ့က အဖြူရောင် ရွက်လှေကြီးကိုကြည့်ပြီး မင်းယွီ သက်ပြင်းရှည်ကြီးချလိုက်တယ် … ဒီခရီးက ပျော်ရွှင်စရာ ရှိမလာနိုင်ဘူးဆိုတာ သပ်အပ်သိနေတယ် …

အနားမှာ ချူးရှန့်နဲ့ ရှန်ဝေ ရှိမနေတော့ မင်းယွီသိမ်ငယ်သလိုခံစားရတယ် … သူတစ်ယောက်ထည်း ဘယ်လိုများ ဖြတ်သန်းရမလဲ … ဒီခရီးရှည်ကြီးက အပျော်ခရီးထက် မရဏလမ်းနှင့် တူနေမှာကို ကြောက်မိတယ် …

ကို့ကိုအမြဲသတ်မယ် ချိန်းခြောက်နေတဲ့သူ … တနည်းအားဖြင့် အလိုမတူပဲ အမှတ်ပေးခံရတဲ့ မိတ်အယ်ဖာနဲ့အတူ ခရီးထွက်ရတာက မီးပင်လယ်ဝိုင်းနေတဲ့ ခြောက်ကမ်းပါးထဲ ခုန်ချမိသလို ပူလောင်စေမှာအမှန်ပဲ …

ယာရှာဟာ ဖန်ဂူခရီးထွက်မယ်လဲကြားရော အပြေးရောက်လာခဲ့တယ် … သူမပုံစံက ဖန်းဂူကို မသွားစေချင်ပုံပဲ … ယာရှာက အယ်ဖာတစ်ယောက်ဖြစ်တာကြောင့် ဖန်းဂူကို စာနာနားလည်ပေးနိုင်သူတစ်ယောက်ဖြစ်သလို ချူးရှန့်ထက်လဲ ချုပ်ချယ်ချင်သေးတယ် … သူမက လက်ထောက်ဆိုပေမဲ့ အမေတစ်ယောက်လိုမျိုးပဲ …

" သခင်လေး …

ရှင်ကဘာကြောင့် ချက်ချင်းကြီးခရီးထွက်ချင်ရတာလဲ …

ပင်လယ်က ခရီးထွက်ဖို့ကောင်းတဲ့အရာမဟုတ်ဘူး "

" ငါပိုင်တဲ့နေရာကိုသွားတာ ဘာကိုကြောက်နေရမှာလဲ "

ပင်လယ်က သူ့ပိုင်နက် ကို့ပိုင်နက်ရှိပေမဲ့ ခုအခြေအနေက တည်ငြိမ်သေးတာမဟုတ်ဘူး … ရန်သူတွေကို Lion ကနိုင်နေပေမဲ့ ဘယ်အရာကိုမှ စိတ်ချလက်ချ ပြုလုပ်လို့မဖြစ်ဘူး …

အားလုံးအမြင်မှာ ရှန်ဖန်းဂူက CEO တစ်ယောက် … အခွင့်ကိုခြောင်းနေတဲ့ မြေခွေးတွေက ရှန်ဖန်းဂူဖြစ်ဖြစ် Lion ဖြစ်ဖြစ် သူတို့အခွင့်သာရင် တိုက်ခိုက်ဖို့ဝင်မလေးဘူး … ဒါကြောင့် သူမက ဖန်းဂူကို တစ်ယောက်ထည်းမသွားစေချင်တဲ့သဘောပဲ …

ဒါပေမဲ့ ရှန်ဖန်းဂူဆိုတာက သူ့ကို တစ်စုံတစ်ယောက်က ထိန်းချုပ်တာမျိုးကိုမုန်းသူ … ယာရှာက ထိုသို့ပြောလာတော့ သူက အကြည့်တစ်ချက်နဲ့ သတိပေးလိုက်တယ် … သူမလဲ စိတ်ကိုလျော့ပြီး သူ့သခင်အကြောင်းအသိဆုံးမို့ ခွင့်ပြုလိုက်ရတော့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now