Chapter - 39

29.3K 4.3K 685
                                    

#Unicode

ရှုယွမ်အိမ်တော်ကိုရောက်တော့ မင်းယွီမိခင်အား ပွေ့ချီကာ အလျှင်အမြန် ဝင်လာခဲ့တယ် … ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ရှုယွမ်မိခင်က ထိုအရာကိုမြင်သွားတော့ သူ့ရဲ့အရှေ့ကနေ ပိတ်ရပ်ကာ တားစီးလိုက်လေတယ် …

သူမက ထူးခြားတဲ့ရနံ့တမျိုးကိုရရှိ၍ သားဖြစ်သူကို မယုံသင်္ကာဖြင့်ကြည့်ရင်း …

" ရှုယွမ် … ငါဒီလောက် စည်းကမ်းတင်းကြပ်တာတောင်မှ မင်းက အိုမီဂါတစ်ယောက်ကို အိမ်ခေါ်လာရဲတယ်ပေါ့ "

" မား … အထင်မှားနေပြီ "

" ဘာကို အထင်မှားရမှာလဲ …

မင်းအိမ်ထဲဝင်လာကတည်းက အိုမီဂါဟော်မုန်းတွေ ဒီလောက်ပျံလွင့်နေတာ …

ငါ့ကိုမသိဘူးထင်နေလား "

သူမက ရှုယွမ်အနား တဖြေးဖြေးတိုးကပ်လာပြီး ရှုယွမ်ခေါ်လာတဲ့ အိုမီဂါရဲ့ မျက်နှာပေါ်သည်ထိ ငုံကြည့်လိုက်တယ် …

" သူမက ဘယ်သူ … "

သူမရဲ့အမေးဝါကျပင်မဆုံးလိုက် သူ့ရဲ့တစ်ကိုယ်လုံး တုန်လှုပ်လျှက် ရှုယွမ်လက်ထဲကလူအား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေလေတော့တယ် …

ရှုယွမ်က သူ့မိခင်ရဲ့ခုလို ပုံစံမမြင်ဖူး၍ တစ်စုံတစ်ခု ထူးဆန်နေတာကိုသိလိုက်ပြီး သတိလွတ်သွားတဲ့မိခင်အား အလျှင်အမြန် မေးမြန်းလိုက်လေတယ် …

" မား ဘာဖြစ်သွားတာလဲ ဒေါ်လေးကို သိလို့လား "

သူမက ရှုယွမ်လက်ထဲကအမျိုးသမီးအား စိုက်ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် …

" ပိုင်ယီယီ "

သူမက Name တစ်ခုကိုရေရွတ်ပြီး ရှုယွမ်လိက်ထဲက Heat ဖြစ်နေတဲ့ အိုမီဂါကို ပွေ့ချီကာ သူမအခန်းတွင်းသို့ခေါ်သွားလေတော့တယ် …

" ယီယီ နင်တကယ်မသေဘူးပေါ့ ငါဝမ်းသာလိုက်တာ ငါနင့်ကို ဆုံးရှုံးရပြီထင်နေတာ "

သူမက မင်းယွီမိခင်က ကုတင်ပေါ်ချပေးလိုက်ပြီး တံခါးဝမှာရပ်နေတဲ့ သာထံလျှောက်လာပြီး ပြောလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now