Chapter - 120

7.2K 1K 86
                                    

Unicode
~~~~~~~

ဖန်းဂူ အရင်ကလို ရှုယွမ်အပေါ်အယုံအကြည်မရှိတော့၍ သူတို့အတူရှေ့ဆက်ရမည့်ပလန်တွေကို ဆွေးနွေးဖို့ခက်ခဲသွားတယ် … ရှုယွမ် ရှန်ဟွှာမှာနေနေရပေမဲ့ ဖန်းဂူကိုတော့ တွေ့ခွင့်မရပေ … ရှန်ကူးမန်အဖမ်းခံရပြီးနောက် ရှန်ဟွှာနဲ့ပတ်သပ်တဲ့သတင်းတွေက ခေါင်းကြီးပိုင်းမှာပါလာပြီး လူကြီးပိုင်းတွေရဲ့ အရေးစိုက်မှုကိုခံရသည့်အပြင် ထင်ကြေးအမျိုးမျိုးပေးလာကြတယ် … ရှန်ဖန်းဂူရဲ့လှုပ်ရှားမှုတိုင်း စောင့်ကြည့်ခံနေရ၍ အရင်ကလောက် လွတ်လပ်ခွင့်မရှိတော့ပေ …

အမှောင်မှာလဲ ခေါင်းဆောင်မဲ့သွားခြင်းကြောင့် လက်နတ်တိုက်ကိုကာကွယ်ဖို့ ယာရှာရဲ့အဖွဲ့ကတာဝန်ယူရတယ် … ချူးရှန့်နဲ့ရှန်ဝေကတော့ ထိုကိစ္စရဲ့နောက်ကွယ်ကလူကို စုံစမ်းစစ်ဆေးနေပေမဲ့ သတင်းတွေကထင်သလောက်လိုက်ရတာ မလွယ်ကူလှပေ … အလွန်လျှို့ဝှက်နက်နဲလွန်းလှတယ် …

တဖက်တွင်တော့ ရှန်ဟွှာရဲ့ကျရှုံးခြင်းအစကို ပျော်ရွှင်စွာအောင်ပွဲခံနေကြလေတယ် …

" ရှုမန်း … ဒီတစ်ခေါက်မင်းလုပ်တာ တော်တယ်ကွာ … ရှန်ဟွှာကိုတစ်ကွက်ချုပ်လိုက်နိုင်ပြီ … ဒီတစ်ခေါက်သူတို့ ဘယ်နည်းနဲ့မှမလွတ်နိုင်မှာမဟုတ်တော့ဘူး … ရှန်ဖန်းဂူကို ဖြေးဖြေးခြင်းဆွဲချလို့ရပြီ "

အိမ်တော်ကြီးအတွင်းမှာတော့ ချန်းဆောဒိုကဦးဆောင်လျှက် သူ့ရဲ့အဖွဲ့သားများဖြစ်တဲ့ အဲလက်စ် , လင်းချီ , လန်ကျောက်ချူနဲ့ ဝမ်ကျောက်ရိတို့အပြင် အိုမီဂါများဝန်းရံထားလျှက် ချန်းယောင်တို့ အောင်ပွဲခံနေကြခြင်းပင် … ခုဆိုရင် အရာအားလုံးကိုရဲရင့်ပျက်သားစွာ ထိထိရောက်ရောက်လုပ်ကိုင်တတ်တဲ့ ရှုမန်းဟာ ဆောဒိုရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိကာ အတွင်းလူအဖြစ်ခန့်အပ်သည့်အပြင် သူ့ရဲ့လက်ထောက်ရာထူးကိုပါပေးအပ်ထားလေတယ် … ချန်းယောင်လဲ ယခုအချိန်မှာ ရှုမန်းအားမငြင်းဆန်တော့ပဲအဖွဲ့ဝင်အဖြစ် ယုံကြည်စွာ လက်ခံလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now