Chapter - 116

8.4K 1.2K 95
                                    


Unicode
~~~~~~~

ရှုယွမ်ရဲ့ ပထမဆုံးနေ့လေးကတော့ လုယီနဲ့အတူ အိမ်တော်ထဲက ကစားကွင်းသေးသေးလေးထဲမှာ အချိန်ကုန်ဆုံးရန်ဖြစ်လာတယ် … လုယီလေးက ခုန်ပေါက်ကာပျော်ရွှင်နေပြီး ရှုယွမ်လက်အားဆွဲကာ သူနဲ့အတူကစားဖို့အတင်းခေါ်ကာ လျှောက်ပတ်ကစားနေတော့တယ် … ကစားစရာမျိုးစုံက လုယီလေးကိုပျော်ရွှင်စေတာထက် ယခုလိုအဖော်ပြုပေးမဲ့သူရှိတာက လုယီလေးကိုပျော်ရွှင်စေတဲ့အမှန်တရားဆိုတာ ရှုယွမ်သဘောပေါက်လိုက်တယ် … သူတို့မျိုးစုံကစားပြီးသွားတော့ အမောဖြေဖို့ခနနားလိုက်ကြတယ် …

" ပျော်လား … လုယီလေး  "

" အင်း YiYi ပျော်တယ် … ဦးဦးယွမ်ကအကောင်းဆုံးပဲ … YiYi ကအတူကချားမဲ့ဖော်ဖော်လိုချင်နေတာ … ဒယ်ဒီက YiYi ကိုမုန့်မုန့်ပဲကြွေးပြီးကချားခိုင်းဝူး … ပြီးတော့ ဦးဦးယွမ်နဲ့ပန်းပန်းတွေများကြီးရှိတဲ့နေရာသွားချင်သေးတယ် "

လုယီလေးငယ်ငယ်ကလိုက်ပို့ဖူးတဲ့ ပန်းဥယျာဉ်လေးကိုပြောနေမှန်း ရှုယွမ်သဘောပေါက်သွားတယ် … ဟိုအရင်အချိန်တွေကိုပြန်လိုချင်မိပေမဲ့ ခုတော့မဖြစ်နိုင်တော့ဘူး … လုယီလေးက ရှန်ဟွှာရဲ့မျိုးဆက်ဆိုတာ တရားဝင်ထုတ်ဖော်ပြီးတဲ့နောက်ပိုင်း အပြင်ကိုအလွယ်တကူထွက်ဖို့မသင့်တော့ဘူး … ဒါကြောင့်မို့ ရှုယွမ်ကလေးကိုချော့လိုက်ရတော့တယ် …

" နောက်တော့လိုက်ပို့မှာပေါ့ … ခုတော့ ဒီကစားကွင်းလေးထဲမှာပဲ ကစားရမယ်နော် "

" ဟုတ် … ဦးဦးယွမ် YiYi ကို လွှဲပေး "

ဒန်းသေးသေးလေးပေါ်မှာ ထိုင်နေတဲ့ လုယီလေးက ရှုယွမ်သူ့အားလွှဲပေးဖို့တောင်းဆိုတဲ့အခါ ရှုယွမ်လဲ လုယီလေးစိတ်ကျေနပ်အောင်လွှဲပေးလိုက်တယ် … လုံးလုံးကစ်ကစ်လေးနဲ့ လုယီလေးဟာ ယခုဆိုလျှင် အရမ်းထွားပြီး  ချစ်စရာကောင်းတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်နေပြီ … ယခင်ကရှုယွမ် လုယီလေးကို အမြဲပွေ့ချီထားနိုင်ပေမဲ့ ခုတော့ အသက် ၃၀ ကျော်နေပြီဖြစ်တဲ့သူက လုယီလေးကိုအမြဲပွေ့ချီထားနိုင်ဖို့မစွမ်းနိုင်တော့ဘူး … အင်အားကြီးပါတယ်ဆိုတဲ့ သူ့လိုလူက ကလေးတစ်ယောက်ကိုမနိုင်တာတော့ ရယ်စရာတော့ကောင်းနေလိမ့်မယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now