Chapter - 13

47.5K 4.4K 120
                                    

#Unicode

" မင်း... အဆင်ပြေရဲ့လား "

နားထက်မှာကြားနေရတဲ့ တိုးရှရှအသံတစ်ခု ...

မင်းယွီကိုယ့်ကိုယ်ကို သေပြီလို့ပဲ တွေးထင်ထားခဲ့တယ် ... သေနတ်ထဲက ကျဉ်ထွက်လာတဲ့အသံက ရင်ဝကိုဓားထက်ထက်နဲ့ ထိုးစိုက်ခံလိုက်ရသလို တစ်ကိုယ်လုံးမှာရှိတဲ့အကျောတွေအားလုံး အဖြတ်ခံလိုက်ရသလို မင်းယွီအသိစိတ်တွေလွတ်ပြီး ဘာကိုမှမတွေးနိုင်ခဲ့ဘူး ...

သေဆုံးခြင်းက သူ့ထံကိုအရှိန်အဟုန်နဲ့ပြေးဝင်လာတယ် ... လွတ်မြောက်လိမ့်မယ်လို့ မြူမှုန်မျှပင် မတွေးထင်ခဲ့မိဘူး ... ဒါဆို ဒီအရာကအိမ်မက်လား ... နာကျင်မှုမရှိပေမဲ့ ရှင်သန်နေဆဲဆိုတာကိုလဲ လက်မခံနိုင်ဘူး ...

နားထက်မှာကြားနေရတဲ့အသံတွေက တဝှီဝှီနဲ့ တိုက်ခက်နေတဲ့လေသံ တစ်ခါတစ်ရံ အဝေးတစ်နေရာကနေ လွင့်ပျံလာတဲ့ လှိုင်းခပ်သံများ ... ခုဘယ်နေရာကိုရောက်နေတာလဲ ...

" အင့် "

မျက်လုံးဖွင့်ရန် ကြိုးစားကြည့်ပေမဲ့ မျက်ဝန်းထဲကို တိုးဝင်လာတဲ့ လေအေးကြောင့် မင်းယွီမျက်လွှာပြန်ချလိုက်တယ် ...

ခုသေချာခံစားကြည့်တော့ သူဟာ တစ်စုံတစ်ရာပေါ်မှာ စီးနှင်းနေပြီး ထိုအရာကအရှိန်ပြင်းလွန်းတယ် ... မာကျောကျောအရာတစ်ခုပေါ် ခေါင်းမှီထားပြီး သူ့ရဲ့လက်တွေဟာလဲ ကြီးမားတဲ့အရာတစ်ခုကို သိုင်းဖက်ကာ ချည်နှောင်ခံထားရတယ် ... ထပ်ပြီးဖမ်းချုပ်ခံလိုက်ရတာလား ...

မင်းယွီရဲ့လက်တွေတဖြေးဖြေးစတင်လှုပ်ရှားလာတော့ အရှိန်အဟုန်နဲ့ပြေးနေတဲ့အရာဟာလဲ ရုတ်တရပ် ရပ်တန့်သွားတယ် ...

" မင်း သတိရပြီလား "

' ဂျလောက် ' ( သော့ဖြုတ်သံ )

မင်းယွီလက်က ချည်နှောင်ထားတဲ့အရာ ပြေသွားတော့ အရှေ့ကအရာဟာလဲ မင်းယွီကိုယ်နဲ့ကွဲကွာသွားတယ် ...

မင်းယွီကိုယ်က ခုထိ မတ်မတ်မရပ်နိုင်ဘူး ... ကြောက်လန့်မှုကြောင့် သူ့တစ်ကိုယ်လုံးတုန်ယင်နေတယ် ...

ဖြေးဖြေးချင်း မျက်လုံးကို ကြိုးစားဖွင့်ကြည့်တော့ သူရောက်နေတာက အနက်ရောင်ဆိုင်ကယ်တစ်ခုပေါ်မှာဖြစ်ပြီး လူတစ်ယောက်က သူ့ရဲ့ကိုယ်ကို ထိန်းကိုင်ပေးထားတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now