Chapter - 50

28.7K 4.3K 904
                                    

#Unicode

" ဒိုင်း "

အရာအားလုံးတိတ်ဆိတ်သွားလျှက် အနီရောင်သွေးတွေက ကမ်းစပ်ကသဲစတွေပေါ်ကျဆင်းလာပြီးနောက် လှိုင်းခပ်လာတဲ့ရေတွေနဲ့အတူ ပင်လယ်ထဲသို့မြောပါသွားလေတယ် …

ရှန်ဝေ မင်းယွီအရှေ့ဒူးထောက်ထိုင်ချလျှက် သူ့ရဲ့လက်မောင်းနဲ့ မင်းယွီရဲ့ကိုယ်ကို ကားပေးထားပြီး အဆက်မပြတ်ကျနေတဲ့သွေးတွေက ရှန်ဝေရဲ့လက်မောင်းကပင် … သူ့ရဲ့အသွေးအသားထဲကနေစိမ့်ထွက်လာတဲ့သွေးတွေက လရောင်အောက်မှာ အထင်းသားမြင်နေရပြီး မင်းယွီပင်အတော်လေးထိပ်လန့်သွားမိလေတယ် …

" ရှန်ဝေ … မင်းဘာလို့ကာလိုက်တာလဲ …

မင်း … မင်းလက်မှာ သွေးတွေ "

သူကနာကျင်မှု မပြသည့်အပြင် တည်ငြိမ်စွာပဲ သူတွန်းလိုက်လို့ လဲကျသွားတဲ့မင်းယွီကိုထူပေးရင်း …

" မင်းအဆင်ပြေလား "

မင်းယွီရှန်ဝေလက်ကိုကြည့်ပြီး သူ့ကြောင့်တစ်စုံတစ်ယောက် ဒုက္ခရောက်သွားမှန်းသိလိုက်ရတော့ ရင်ထဲမှာ စို့နင့်လျှက် …

" ငါတောင်းပန်ပါတယ် …

ငါမင်းကို ဒုက္ခတွေပဲ ပေးနေမိလို့တောင်းပန်ပါတယ်ရှန်ဝေ "

ရှန်ဝေက ဘာမှမဖြစ်သည့်ဟန် လက်ခါပြပြီး …

" ဒီဒါဏ်ရာလောက်က ငါ့အတွက်နာကျင်စေမှာမဟုတ်ဘူး …

ပြီးတော့အပေါ်ယံလေးရှပ်ထိသွားတာ …

သူမရဲ့သေနတ်ပြစ်စွမ်းရည်က အရမ်းနိမ့်လွန်တယ်ကွာ …

ဟား … မင်းလောက်တောင်မတော်ဘူး သိလား "

သူက နာကျင်မှုမပြသည့်အပြင် စနောက်နေသေးတယ် … မင်းယွီသူသိမ်းထားတဲ့ ရွာသားတွေပေးလိုက်သည့် ဆေးရည်ပုလင်းကို ထုတ်လိုက်ပြီး …

" ဒီဆေးရည်က သွေးအမြန်တိပ်သလို ဒါဏ်ရာကျက်တာလဲမြန်တယ် "

ချူးရှန့် လဲကြသွားတဲ့ မင်းယွီနဲ့ရှန်ဝေကိုမြင်တော့ ထိတ်လန့်သွားပြီး သူ့ရဲ့ဒေါသတွေက စုဝေးလာကာ ရက်စ်ဒီထံချိန်ရွယ်ပြီးပြစ်လိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now