Chapter - 3

66.5K 6K 178
                                    

#Unicode

တိတ်ဆိတ်နေသည့်အိမ်ကြီးမှာ သူတစ်ယောက်ထည်းရှိနေသလားလို့ပင် မင်းယွီ ထင်လိုက်မိတယ် … ကြီးမားခန်းနာသလောက် အေးတိအေးဆက်အငွှေ့အသက်များနဲ့ ဒီအိမ်ကြီးက ရေခဲနန်းတော် တစ်ခုနှင့်ပင်ဆင်တူနေတယ် …

မင်းယွီသူ့ရဲ့သခင်ခေါ်ရာအနောက်သို့လိုက်လာခဲ့ပြီးတဲ့နောက် သူ့ကိုဒီအိမ်ကြီးထဲမှာထားခဲ့ပြီး ထွက်သွားတာဟာ ခုဆို ၂ ရက်ပင်မကတော့ဘူး … မလိုချင်လို့ပြစ်သွားတာလား … ဒါဆိုဘာကြောင့်ဈေးအများကြီးပေးဝယ်ထားတာလဲ … ဒါကမေးစရာ …

ရောက်စက အခန်းထဲမှာပိတ်ထားပြီး အစာစားချိန်ဆိုရင်တော့ အစားအစာတချို့လာပို့ကြပါတယ် … ဒါပေမဲ့ ဘာကြောင့် အားလုံးက အသက်မဲ့နေတဲ့စက်ရုပ်တွေနဲ့တူနေတာလဲ … ဒါမှမဟုတ် ဒီအိမ်ကမကောင်းဆိုးဝါးအိမ်များလား …

ဒီနေ့မှာတော့ မင်းယွီထိုင်မနေချင်တော့၍ ကြီးမားသည့်အိမ်ကြီးရဲ့ တခြားနေရာတွေမှာ ဘာရှိနေမလဲဆိုတဲ့သိချင်စိတ်နဲ့ တံခါးအပြင်ဘက်သို့ထွက်လာခဲ့တယ် …

" မင်း … ဘယ်ကိုထွက်ပြေးဖို့ကြံနေတာလဲ "

အေးဆက်ဆက်အသံတစ်ခုက သူ့ရဲ့အနောက်မှာ ကပ်ပါလာသည်မို့ မင်းယွီခြေလှန်းတွေ ရပ်တန့်လိုက်ပြီး ကြည့်လိုက်တော့ အဲ့ဒိလူက သူ့ကိုခေါ်လာပေးတဲ့သူ … ချူးရှန့် …

လေးထောက်ဆက်ဆက်မျက်မှန်ကို အမြဲတပ်ဆင်ထားပြီး သူ့ရဲ့ငယ်ရွယ်နုပျိုမှုတွေကို ဖုံးကွယ်ထားတဲ့အပြင် အနက်ရောင်ဝတ်ဆုံးပြည့်ကိုလဲ အမြဲဝတ်ဆင်ထားပြီး  တာဝန်အပြည့်နဲ့ အိမ်တော်ထိန်း အဖိုးအိုပေါက်စလေးလို့တောင် ခေါ်ရမလို … ဒါပေမဲ့သူက ရှန်ဖန်းဂူရဲ့ အနီးကပ်ဆုံး မန်နေဂျာခေါ် လူယုံတော်တစ်ယောက်ပါ …

သူ့ပုံစံက အေးဆက်၍မနေပဲ အနည်ငယ် ဖော်ရွေနေတယ် … သူ့မျက်ဝန်းတွေက မင်းယွီကို အကဲခပ်နေသယောင် အတော်ကြာစိုက်ကြည့်နေပြီးမှ မျက်လွှာချလိုက်ပြီး ပြောလာတယ် …

" မင်းဒီမှာ ကောင်းကောင်းမွန်မွန်နေချင်ရင် ဒီလိုမျိုးလျှောက်မသွားနဲ့ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now